WELCOME

16 July 2018

29 October 2014

Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်


Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်
မိမိကွန်ပျူတာမှာ Windows နှစ်ခုပေါ်နေတာမျိုး ကြုံဖူးကြမှာပါ။ ကိုယ်ကတစ်ခုတည်းပဲအသုံးပြုချင်တယ်။
ကွန်ပျူတာကို အသုံးပြုပြီးလို့ Restart ချလိုက်ရင် Windows နှစ်ခု ဖြစ်နေတော့ တစ်ခုကို အလိုလိုရွေးခိုင်းနေတဲ့ အဖြစ်မျိုးပါ။

Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows အသုံးမပြုလိုတဲ့ တစ်ခုကို အပြီးပိုင်ဖြုတ်ပြီး .. Boot တက်တဲ့ အချိန်ကျရင် Windows နှစ်ခု မရွေးခိုင်းပဲ အသုံးပြုလိုသော တစ်ခုတည်းကိုသာ အမြဲတမ်းအဖြစ် Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ်။

နည်းလမ်းကတော့ လွယ်ပါတယ်။ ဒါပေမယ့် မသိသေးတဲ့ ဘော်ဒါတွေလည်း
 အပြေသွားအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစစ် ရှင်းပြသွားပါမယ်။

အရင်ဆုံး Keyboard မှ Windows logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ။
ပြီးရင် Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါ။
ဒါဆိုရင် System Configuration Box လေး ကျလာပါလိမ့်မယ်။
အောက်ကပုံမှာ ပြထားတဲ့အတိုင်း Boot ကို သွားလိုက်ပြီဆိုရင် ကျွန်တော်တို့ တင်ထားတဲ့ Windows အမျိုးအစားတွေကို Boot Setting ထဲမှာ တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ တစ်ခုသိထားဖို့လိုတာကတော့ ကျွန်တော်တို့ ဖြုတ်လိုက်တဲ့ Windows က ဘယ် Partation ထဲမှာ ရှိတယ် ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။
ကျွန်တော် ဖြုတ်လိုက်တဲ့ Windows က Partation H:  ထဲမှာ တင်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်က H: ကို ရွေးပြီး Delete ပေးလိုက်ပါတယ်။
မိမိတို့ ဖြုတ်လိုက်တဲ့ Windows ကိုရွေးပြီး Delete ပေးပြီးသွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း Apply ကိုနှိပ်ပါ။ ပြီးတာနဲ့ OK ကိုထပ်နှိပ်ပေးလိုက်ယုံပါပဲ။
Apply ကိုနှိပ်ပြီးလို့ OK နှိပ်လိုက်တာနဲ့ တောင်းပါလိမ့်မယ် ချပေးလိုက်ပါ။
အပေါ်ကပုံအတိုင်း Restart ပေးပြီးသွားလို့ Windows ပြန်တက်လာပြီးရင်တော့ အရင်လို ဘယ် Windows ကိုရွေးချယ် မယ်ဆိုတာ မမေးတော့ပဲ တစ်ခါတည်း တန်းတက်လာမှာ ဖြစ်ပါတယ်။
အဆင်ပြေပါစေ

16 September 2014

photoshop နှင့် မီးတောက်စာလုံး ဒီဇိုင်းပြုလုပ်နည်း



ဒီလုပ်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများအတွက် မျှဝေလိုက်ပါတယ်ဗျာ

ဟိးးး ကျနော်လဲ အကျွမ်းကြိးတော့မဟုတ်ပါဘူး ၀ါသနာပါလို့ပါ...ဗျ  :)


လုပ်လို့ပြိးသွားပြိ



ဆော့ဝဲမရှိသေးတဲ့သူငယ်ချင်းများအတွက်
လင့်လေးပါ photoshop CS4 အားလုံးဘဲအဆင်ပြေပါစေ...

4 September 2014

Install လုပ်ပေးရုံနဲ့ Full Version ဖြစ်မဲ့ နောက်ဆုံးထွက် Internet Download Manager v6.21 Build 7 Pre-Activated


 Internet Download Manager ကို ဒေါင်းမရဘူးပြောလာလို့  exe ဖိုင်လ်လေးကို Install လုပ်ပေးရုံနဲ့ အဆင်ပြေစေမဲ့ နောက်ဆုံးထွက် ဗားရှင်းကို တင်ပေးလိုက်ပါတယ်....
 
အရင်ဆုံး အရင် ရှိပြီးသား IDM ကို ဒီပို့စ် ထဲကအတိုင်း ထုတ်ပစ်ပါ... စက်ကို Restart ချပေးလိုက်ပါ..
 
ဒေါင်းလို့ရလာတဲ့  Internet.Download.Manager.v6.21.Build.7.Pre-Activated.rar ကို ဖြည်လိုက်ပါ...
IDM_Cleaner ဆိုတဲ့ .bat ဖိုင်လ်လေးကို Click ပြီး Run ပေးလိုက်ပါ.. ပြီးရင် Prass Any Kay နဲ့ ထွက်လိုက်ပါ..
ပြီးရင် Idman621b7_Pre.exe ကို Run ပါ.. 
ကြိုက်တဲ့ နာမည်ရေးထည့်ပါ.... ၂ ကြိမ်ရေးထည့်ရပါမယ်..
ပြီးသွားရင်တော့ အဆင်ပြေပါပြီ.. Full Version အတွက် Crack တွေ Patch တွေ Serial Key တွေ မလိုတော့ပါဘူး .. အမြဲသုံးနိုင်ပါပြီ...။
Youtube မှာ ဒေါင်းချင်လို့ Download this video ဆိုတာလေး မပေါ်ခဲ့ရင် ဒီ IDM CC ကို Firefox Browser က တဆင့် Install ပေးလိုက်ပါခင်မျာ....
အားလုံး အဆင်ပြေပါစေ...
 

How to IDM Uninstall & Install (internet download manager ကို Uninstall ပြုလုပ်ပုံနှင့် Full Version install ပြုလုပ်နည်း အဆင့်ဆင့်)



 IDM ကို Uninstall လုပ်တာ မရဘူး...
C:/Program file မှာလဲ ဖျက်လို့မရဘူး... 
Install လုပ်တာလဲ အဆင်မပြေဘူး...
Serial Key တောင်းနေတယ်..... 
ဖြုတ်လဲ မရဘူး တပ်လဲ မရဘူးး......
.....မရဘူးးးး ...... အဆင်မပြေဘူးးးး.........ဖြုတ်မရဘူးးးးးးး.......ဘယ်လိုလုပ်ရမလဲ......????

 IDM နဲ့ အဆင်မပြေပေါင်းများစွာတွေ ကြားရနေရတာနဲ့ ဒီနေ့ အပြတ်ရှင်းပေးလိုက်ပါတယ်....:P

လုပ်ပုံ လုပ်နည်းလေးတွေကို တဆင့်ချင်း ရှင်းပြနေရင် ရှုတ်သွားမှာမို့ Vedio လေးနဲ့ ရှင်းပြလိုက်ပါတယ် ...။ တခြား ဖြုတ်မရတဲ့ Program တွေ Software တွေကိုလဲ ဒီနည်းအတိုင်း ဖြုတ်နိုင်ပါတယ် ... ။ 

( Run box မှာရေးထည့် တဲ့ စာလုံးက regedit ပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်..။)

ဒီဗွီဒီယိုလေးကတော့ IDM ကို ဖြုတ်ထုတ် ပုံ လေးပါ...။


စက် Restart ကျသွားမှာပါ ..။ Window ပြန်တတ်လာရင် အောက်က Video လေးထဲက အတိုင်း ဆက်လုပ်သွားလိုက်ပါ..။


ဒီဗွီယိုလေးကတော့ IDM ကိုပြန်  Install  ပြီး Full Version  ဖြစ်အောင် ပြုလုပ်ပုံပါ...။





အပေါ်က Video ထဲက  IDM Patch ကတော့ စောစောက တင်ပေးထားတဲ့ IDM v6.11 နောက်ဆုံး Update ထဲက Patch နဲ့ နမူနာ လုပ်ပြထားတာပါ .... Patch တွေက တခု နဲ့ တခု မတူကြသလို အသုံးပြုပုံချင်းလဲ မတူနိုင်ပါဘူး..။ IDM v6.11 Beta + IDM Just Double Click ကို  ဒီမှာ ထပ်ဒေါင်းယူနိုင်ပါတယ်..။ Just Double Click လေးကတော့  အပေါ်က Video ထဲကလို IDM  ကို  Uninstall လုပ်ပြီး idm 6.11.exe ဖိုင်လေးကို Click နှစ်ချက် နှိပ်လိုက်တာနဲ့ Full Version လေးဖြစ်သွားမှာပါ...။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။ အဆင်မပြေတာ ရှိခဲ့ရင် Facebook Wall  ဖြစ်စေ.. Comment မှာဖြစ်စေ C-box မှာဖြစ်စေ  တနေရာရာ ကနေပြောသွားနိုင်ပါတယ်..။

IDM ကို ဖြုတ်မရ တပ်မရ Key ရှာရတဲ့  ပြဿနာ များနှင့် ထာဝရ အမြဲ ကင်းဝေးနိုင်ကြပါစေ...။



16 August 2014

UTorrent...ကိုဘယ်လိုအသုံးပြုမလဲ့ ....


Torrent ကို ဘယ်လိုအသုံးချမလဲ  
အများစုက torrent ကိုမသုံးတတ်ကြပါဘူး..။download ဆွဲဖို့ဆိုရင် IDM ရှိရင် လုံလောက်ပြီ ထင်တတ်ကြတယ်..။ ဒါပေမဲ့ တခါတရံမှာ Windows OS တွေ photoshop တွေ Latest ဖြစ်တဲ့ software
တွေ HD movie တွေကို download လုပ်ချင်တဲ့ အခါမျိုးမှာ torrent က အခြား downloader တွေထက် ပိုပြီးအားသာချက်တွေ ပိုများပါတယ်..။
ဒါဆိုရင် torrent ကို ဘယ်လိုသုံးမလဲ???
အရင်ဆုံး uTorrnet last version လေးကို  ဒီမှာ ယူပြီး ပုံမှန်အခြား software တွေကို install လုပ်သလိုပဲ စက်ထဲကို ထည့်လိုက်ပါ..။ပြီးရင်....
google မှာ torrent search လို့ ရိုက်ပြီး torrent search engine ကိုသွားလိုက်ပါ..။
အဲဒီကိုရောက်ရင် ကျနော်မြှားနဲ့ ပြထားနေရာမှာ ကိုယ်လိုချင်တာကို ရိုက်ထည့်ပါ..။
(ဥပမာ) ပြထားတဲ့ အတိုင်းပါပဲ man လို့ရိုက်ထည့်လိုက်ရင် သူ့အမည်ရှိရာတွေ ကျလာပါလိမ့်မယ်..။
အဲဒီမှာ win လို့ရိုက်လိုက်တာနဲ့  သူနဲ့ ပါတ်သတ်တာတွေကျလာပါမယ်..။ အဲဒီမှာ ကျနော်က windows 8  ကိုရွေးလိုက်ပါတယ်..။
ကျလာတဲ့ windows 8 နဲ့ ပါတ်သတ်တာတွေအထဲက ကျနော်ရွေးထားတဲ့ဟာကို မြှားနဲ့ ပြထားပါတယ်..။
အဲဒီမှာလည်း ကျနော်ရွေးတာကို မြှားပြထားပါတယ်..။
ဒီနေရာမှာ Download Torrent ကိုရွေးလိုက်ပါတယ်..။
 
open with မှာ utorrent (default) ကိုရွေးပြီး ok ကို နှိပ်လိုက်ပါ..။
အဲဒီလိုကျလာရင် ကိုယ်မလိုချင်တာကို အမှန်ခြစ်ဖြုတ်ထားလိုက်ပြီး ok ..
အဲဒီမှာ တွေ့ရတဲ့ အတိုင်း Torrent က သူဘာသာ သူ download လုပ်နေတာတွေ့ရပါမယ်..။
သူ့ program ကို ပိတ်ထားရင်တောင် နောက်ကွယ်ကနေ ဆက်ပြီး download လုပ်နေပါလိမ့်မယ်..။
သူ့ဒေါင်းလို့ မပြီးခင် ကွန်ပျူတာ ပိတ်ပြီး နောက်ရက်မှ ဆက်ဒေါင်းလည်း ရပါတယ်..။
ဒီလောက်ဆိုရင် Torrent ကို အသုံးချတတ်မယ်ထင်ပါတယ်..။music တွေ movie တွေကိုလည်း
torrent search engine ကနေတဆင့် ရှာဖွေ ဒေါင်းယူနိုင်ပါတယ်..။

18 December 2013

photo shop ကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက် layer




Photoshop သင်ခန်းစာများကို လေ့လာတဲ့အခါမှာ အဓိကကျတဲ့ Layer အကြောင်း မသိလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် အခု သင်ခန်းစာမှာ Layer နဲ့ အလုပ်လုပ်ပုံကို အဓိကထားပြီး တင်ပြပေးသွားပါမယ်။ Layer ဆိုတာ အလွှာ၊ အထပ် လို့ အဓိပ္ပါယ်ရပါတယ်။ Photoshop Software ကို သုံးတဲ့အခါမှာ ဘယ် Version မဆို Layer ရဲ့ အခန်းကဏ္ဍက လုပ်ဆောင်ပုံချင်းအတူတူပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို သင်ခန်းစာလေးတွေကို တင်ပြတဲ့အခါ မှီငြမ်း ကိုးကားပြီးတင်ပြရတာရှိသလို ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ တင်ပြရတဲ့အခါလည်း ရှိပါတယ်။ အခုသင်ခန်းစာကတော့ ကိုယ်ပိုင် စိတ်ကူးလေးနဲ့
ဖန်တီးတင်ပြပေးထားခြင်း ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေ မှာ မတက်ဖြစ်တဲ့သူ၊ တက်ဖို့ရာအဆင်မပြေတဲ့သူ၊ အချိန်မပေးနိုင်တဲ့သူတွေအတွက် လက်တွေ့လုပ်ဆောင် နိုင်အောင် အတတ်နိုင်ဆုံး စီစဉ်တင်ပြပေးသွားပါမယ်။ လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်လည်း အားမနာတမ်း ဝေဖန် ထောက်ပြပေးပါလို့ တောင်းဆိုလိုပါတယ်။ ကျွန်တော့်သင်ခန်းစာတွေက အခြေခံမရှိတဲ့သူတွေကို အထူးရည်ရွယ် ရေးသားတာဖြစ်တဲ့အတွက် Professional သမားတွေအတွက်တော့ ကလေးကစားသလိုဖြစ်နေရင်ဖြစ်နေမှာပါ။
အခုသင်ခန်းစာအတွက် အောက်မှာ ဖော်ပြထားတဲ့ ပုံ (၄)ပုံကို အခြေခံပြီး Layer သင်ခန်းစာကို တင်ပြပေးပါမယ်။ ဒီပုံ(၄)ပုံကို သင့်ရဲ့ ကွန်ပျူတာထဲကို Save လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။    
ကဲစကြရအောင်ဗျာ။

သင့်စက်ထဲကို ကူးထားတဲ့ ပုံအမှတ်(၁)ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်-
       

Layer Palette မှာ ကြည့်ပါ။ Background အမည်နဲ့ Layer တစ်ခုပေါ်နေမယ်။ ညာဖက်မှာတော့ သော့


Layer Palette က Background ပေါ်မှာ Double Click လုပ်ပါ။
ပုံလေးတွေ့ ရမယ်။


အထက်မှာ ပြထားတဲ့ပုံအတိုင်း New Layer ပေါ်လာပါမယ်။ Layer 0 နေရာမှာ Lady လို့ ရိုက်ပါ။


OK ကို Click လုပ်လိုက်ရင် Layer Palette မှာ Lady လို့ အမည်ပြောင်းသွားပြီးသော့ပုံလေးပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

ပုံ(၂)ကို ဖွင့်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်-




Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၂)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။


Layer 1 ဆိုပြီး Layer အသစ်တစ်ခု ပေါ်လာပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Heart လို့ အမည်ပြောင်း လိုက်ပါ။ Enter ခေါက်ပါ။


Tool box က Magic Wand tool(W) ကိုရွေးပါ။







အသည်းပုံဘေးက အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-



Keyboard က Delete Key ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး  Deselect လုပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

ပုံ(၃)ကို ဖွင့်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်-
 


Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၃)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။


Heart Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို  Double Click လုပ်ပြီး Text လို့ စာရိုက်ပါ။ Enter ခေါက်ပါ။


Tool box က Magic Wand tool(W) ကိုရွေးပြီး tawzin ဘေးကအနက်ရောင်ပေါ်မှာ select ပေးပြီး
keyboard က delete key ကိုနှိပ်ပါ။အောက်ပါအတိုင်းမြင်ရပါမယ်။
ကိုယ်ထားချင်တဲ့နေရာချိန်ပြီးထားလိုက်ပေါ့ဗျာနော။

ပုံ(၄)ကို ဖွင့်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-





Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၄)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Text Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို  Double Click လုပ်ပြီး picture လို့ရိုက်လိုက်ပါ။
layer palette ထဲက picture layer ကို lady layer အောက်ကိုဆွဲချလိုက်ပါ။အောက်ပါအတိုင်းမြင်ရပါမယ်။



Layer Palette ထဲက Lady Layer ကို Click လုပ်ပါ။


Tool box က Magic Wand tool(W) ကိုရွေးပါ။

အမျိုးသမီး ပုံ ရှေ့က အဖြူရောင်ပေါ်မှာ Click လုပ်ပါ။

Keyboard က Delete Key ကို နှိပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-


Lady Layer ကို Heart Layer အပေါ်ကို ဆွဲတင်လိုက်ပါ။



အခု ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးလို့ပြီးပါပြီ။



ဒီသင်ခန်းစာမှာ Layer ကို အဓိကထားပြီး ရှင်းလင်းသွားတာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အနေအထား အတိုင်း ပုံတွေကို အဆင့်ဆင့်နေရာချသွားရင်လဲဖြစ်ပါတယ်။ ဒါပေမယ့် Layer သဘောတရားကို သိနားလည်စေချင်တဲ့ အတွက် အဆင့်ဆင့် ဆောင်ရွက်ပုံတွေကို တင်ပြသွားခြင်းဖြစ်ပါတယ်။