WELCOME

24 February 2012

USB Disk Security 6.1.0.432 with Keygen

                   ဒါလေးက  စပါယ်ရှယ်  Post  မလာခင်လေး ကြားဖြတ်တင်ပေးလိုက်တဲ့ Post လေးပါ။ နောက်ဆုံးထွက် USB Disk Security လေးတွေ့လို့တင်ပေးလိုက်တာပါ။ ရှေ့မှလည်း ဒါမျိုးလေးတွေတင်ပေးဖူးပါတယ်။ အခု က Latest Version လေးတွေကိုမှသုံး
ချင်သူများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ရှိပြီးသားသူငယ်ချင်းများအတွက်Sorry
ပါဗျာ။ မရှိသေးသူများ သုံးနိုင်အောင် တင်ပေးလိုက်တာပါ။လူတိုင်းအသုံးပြုသင့်တဲ့ Software တစ်မျိုးပါဘဲ။ ကွန်ပြူတာတော်တော်များများမှာလည်း ဒါမျိုးလေးတွေတွေ့တွေ့
နေရပါတယ်။ရှေ့တွေမှာလည်းရှင်းပြပြီးသားဆိုတော့ထွေထွေထူးထူးရှင်းပြပေးဖို့မလိုပါဘူး။
မရှင်းပြတော့ဘူးဆိုပေမယ့်လည်းနည်းနည်းလေးတော့ပြောပြချင်ပါတယ်။ USB ကနေ
တဆင့် Computer ထဲကို ၀င်လာမယ့် Virus တွေရဲ့ ရန်မှာ ကာကွယ်နိုင်ပေးနိုင်တဲ့
Software လေးပါ။ ဒီကောင်လေးကတော့ Autorun  Virus တွေ Folder.exe တွေကို
တော့ရှယ်နှိမ်နှင်းပေးနှိင်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် ကျွန်တော့်ရဲ့ ထုံးစံအတိုင်း Full Version လေးဘဲတင်ပေးလိုက်ပါ တယ်ဗျာ။Keygen လေးပါထည့်ပေးထားပါ တယ်
နော်။စိတ်ဝင်စားတယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲ အဆင်
ပြေကြပါစေနော်။


23 February 2012

သီချင်းတွေကို VCD KARAOKE စာတန်းထိုးသလို Desktop ပေါ်မှာစာသား ပေါ်ပေးမဲ့ Software လေးပါ

ကဲဗျာ. ခေါင်းစဉ်မြင်လိုက်တာနဲ့ စိတ်ဝင်စားသွားကြမှာပါ
သီချင်းစာသားတွေကို VCD Karaoke စာတန်းထိုးသလိုလေး လိုက်ပေါ်ပေးနေမှာပါ (English Song Only) နော်..
ဟီး ဟီး .. မြန်မာသီချင်းတွေတော့ ရဘူး အရင်ဆုံး ဒီမှာ အရင်ဒေါင်းလုပ်ဆွဲလိုက်ဗျာ..ပြီးရင် install လုပ် install လုပ်တဲ့နေရာမှာ
Next ကိုပဲ ဆက်တိုက်နှိပ်သွားလိုက်ပါ Select Players ဆိုပြီးဘာညာသာရကာ ပြထားတဲ့နေရာမှာ
Support AIMP2,Support MediaMonkey,Support JetAudio စတဲ့နေရာမှာ လည်းဘာမှ ရွေးမပေးပါနဲ့ 
ကျွန်တော် install လုပ်တုန်းက အဲ့နေရာမှာတော်တော်တိုင်ပတ်သွားလို့ ပါ အဲ့ဒါကြောင့် အခုလို ရှင်းပြပေးရတာပါ
ဆရာကြီးလုပ်တယ်လို့ တော့ မထင်စေချင်ပါဘူး install လုပ်တာက အစ လိုက်ပြောနေလို့  :)
အကုန်လုံး Next ပြီးပြီဆိုရင်တော့ install လိုက်လို့ ရပါပြီ
(တစ်ခုကျန်သွားလို့ ပါ ကျွန်တော် ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်မှာ keygen.exe ဆိုပြီး ဖိုင်တစ်ခုပါပါတယ် ဒါပေမဲ့
အဲ့ကောင်ကို Antivirus တွေက ပိတ်ပစ်ပါတယ် အဆင်မပြေပါဘူး အဲ့ဒါကြောင့် serial ဆိုပြီး notepad ဖိုင်တစ်ခု
ထည့်ပေးထားပါတယ် အဲ့ထဲမှာ name နဲ့ regristraion code ကိုထည့်ပေးထားပါတယ် လုပ်ကြည့်လိုက်ပါ )
ကဲ install ပြီးသွားရင် သီချင်းတစ်ပုဒ် လောက်ဖွင့်ကြည့်လိုက်ကြပါ .. English သီချင်းနော်..
ကြည့်ကြည့်လိုက်ဗျာ. ကျွန်တော် Sean Kingston ရဲ့  Beautiful Girls ဆိုတဲ့သီချင်းဖွင့်လိုက်ပြီ ဒီလိုလေးပေါ်လာပါပြီ




Image and video hosting by TinyPic


Image and video hosting by TinyPic

ကဲ ကြည့်ကြည့်လိုက်ဗျာ.. ဒါပေမဲ့ တစ်ခါတစ်လေ Lyric တွေကို သူ့ ဟာသူ မပြပေးတာမျိုးတွေဖြစ်တတ်ပါတယ်
ဘယ်လိုမျိုးတွေကို မပြပေးတာလဲဆိုတော့ ကိုယ်ဖွင့်တဲ့သီချင်း နာမည်ကို သူမသိတာပါ အဲ့ဒါကြောင့်
အရေးအကြီးဆုံးက သီချင်းတွေကို rename ပေးတဲ့နေရာမှာသေသေချာချာလေးပေးရင် ကိုယ်တောင်ရှာစရာမလိုပါဘူး သူ့ ဟာသူ ရှာတွေ့ ပါတယ်.. တကယ်လို့ သူရှာမပေးရင်လည်း ကိုယ့်ဟာကိုယ် ရှာပေးရပါတယ် ကိုယ့်ဟာကိုယ် ရှာရတာကလည်း မခက်ပါဘူး ဒီလိုလေးဗျာ.
မြှားပြထားတဲ့ ဟာလေးကို click လိုက် ပါ

Image and video hosting by TinyPic

အဲ့ဒါဆို ဒီလို box လေးထပ်ကျလာပါလိမ့်မယ်..

Image and video hosting by TinyPic

ရှာလို့ တွေ့ ပြီဆိုရင် အဲ့လိုလေး ပြပါတယ်.. တကယ်လို့ ရှာနေတယ်ဆိုရင်တော့ ရှာနေတယ်ဆိုတဲ့အကြောင်းလေး
ပေါ်နေမှာဖြစ်ပြီး plz wait ခဏစောင့်ရပါတယ်..
အဲ့မှာ Artist ဆိုတဲ့နေရာမှာ အဆိုတော်နာမည်ထည့်ပြီး Title ဆိုတဲ့နေရာမှာသီချင်းနာမည်ထည့်လိုက်ပါ
ကိုယ့်ဟာကိုယ်တောင်ထည့်စရာမလိုပါဘူး အဲ့ဒါတွေကို ဘေးက down arrow လေးကို နှိပ်လိုက်ရင် ရှိပါတယ်..
ပြီးရင် အောက်က ကျလာတဲ့ သီချင်းတွေထဲက တစ်ပုဒ်ကို double click လိုက်ရင် သူ့ အလိုလို
သီချင်းသံနဲ့  စာသားနဲ့ တစ်ထပ်တည်း ပေါ်နေမှာပါ (တစ်ချို့ က အသံနဲ့  စာသား တစ်ထပ်တည်းကျအောင် မပေါ်ပါဘူး) ... တကယ်လို့ မပေါ်ဘူးဆိုရင် နောက်တစ်ခုကို ထပ်ပြီး နှိပ်ပေးလိုက်ပါ
တစ်ခုမပေါ်ရင်တစ်ခုကိုထပ်ပြီးနှိပ်ပါ . တကယ်လို့ Desktop ပေါ်မှာ floating lyric(အပေါ်က ပုံမှာပြထားတဲ့အတိုင်း စာသားအနီရောင်လေးကိုပြောတာပါ) အနေနဲ့ မပေါ်ဘူးဆိုရင်တော့ taskbar ပေါ်က miniyric ဆိုတဲ့ icon လေးပေါ်မှာ right click နှိပ်ပြီး floating lyric ဆိုတာလေးကို ရွေးပေးလိုက်ပါ


Image and video hosting by TinyPic

ကဲဗျာ. အားလုံးပြီးပြည့်စုံအောင်လုပ်ပြီးသွားပြီဆိုရင်တော့ google မှာသီးခြား သီချင်းစာသားတွေလိုက်ရှာနေစရာမလိုတော့ပဲ မိမိတို့ ရဲ့ Desktop ပေါ်မှာ VCD Karaoke စာတန်းထိုးသလို သီချင်းတိုင်းကို လိုက်ဆိုလို့ ရပါပြီ အဲ့ Lyric တွေကို save ထားလို့ လည်းရပါတယ်. save lyric ဆိုပြီးရှိပါတယ်..
task bar ပေါ်မှာ right click, lyric ဆိုတာလေးရဲ့ လေးမှာ save lyric ဆိုပြီးရှိပါတယ် ထုံးစံအတိုင်း
Ctrl+S ဆိုရင်လည်းရပါတယ် . အဲ့ဒါတွေကိုပြန်ဖွင့်ချင်တယ်ဆိုရင် အဲ့နေရာမှာပဲ open lyric ဆိုပြီးရှိပါတယ်..


ကဲ ကျွန်တော်တို့ MMIT က အကိုတွေ အမတွေအတွက် အလွန်အသုံးဝင် အဖိုးတန်မဲ့ Software လေးတစ်ခု
ဖြစ်တာကြောင့် အားရ၀မ်းသာစွာနဲ့  တင်ပေးလိုက်ရပါတယ်. ကျွန်တော်လည်း အဲ့ဒါလေးကို ဆိုဒ်တစ်ခုကတွေ့ တာပါ မူရင်းလင့်ခ်ကို မဖော်ပြနိုင်တဲ့အတွက် အရင်ရေးသားသူကို ဒီမှာပဲ တစ်ခါတည်းတောင်းပန်လိုက်ပါရစေ
နားလည်လိမ့်မယ်လို့ လည်းထင်ပါတယ် .. ဗျာ.

တကယ်လို့ အဆင်မပြေသေးဘူးဆိုရင်တော့ ကျွန်တော် sample လုပ်ထားတဲ့ Video ဖိုင်လေးရှိပါတယ်. အဲ့ဒါကိုတော့ ဒီမှာ သွားယူလိုက်ပါ
လုပ်လို့ အဆင်မပြေဘူးဆိုမှ ယူပါဗျာ. ဒေါင်းလုပ်ဆွဲရတာ ကြာမှာစိုးလို့ ပါ ဘာမှတော့သိပ်မဟုတ်ပါဘူး
lyric ရှာလို့ မတွေ့ တဲ့ Tokyo Drift ကို ရှာပြပေးထားတာပါ အဲ့ဒါ ပထမအပေါ်ဆုံးတစ်ခုကိုနှိပ်လိုက်တော့
စာသားနဲ့ အသံနဲ့ ကမကိုက်သေးဘူး အဲ့ဒါနဲ့ဒုတိယ တစ်ပုဒ်ကို နှိပ်လိုက်မှ ကွက်တိကျသွားတယ်.
အဲ့ဒါလေးကို လုပ်ပြထားတာပါ .. Sample video လေးက quality တော့ သိပ်မကောင်းပါဘူး web cam
နဲ့ မရရအောင်ရိုက်ထားလို့ ပါ Screen Recorder တွေက အဲ့ floating lyric တွေကို
လုံးဝလိုက်မမှတ်ပေးပါဘူး အဲ့ဒါကြောင့် web cam နဲ့ ရိုက်ထားလို့ quality တော့သိပ်မကောင်းပါဘူး
သည်းခံပြီးကြည့်ပေးကြပါ ..
အဲ့ဒါကလုံးဝကို Vcd စာတန်းထိုးသလိုပါပဲ .. ကျော်လိုက်မယ်ဆိုရင်လည်း
အဲ့ကျော်လိုက်တဲ့နေရာအထိ စာသားက ရောက်သွားမှာပါ
ဒီလောက်ဆိုရင်တော့ အားလုံး အဆင်ပြေလောက်ပါပြီဗျာ. အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော် အရေးအသား
ညံ့လိုပဲဖြစ်မှာပါ Y

Windows 7 install with USB flash drive


စာမရေးနိုင်အောင် မအားမလပ်ဖြစ်နေတာရယ်၊ နက်ကျသွားတာရယ်နဲ့ တော်တော်လေး ကင်းကွာသွားပါတယ်။ ဆိုဒ်ကိုလည်း စိတ်တိုင်းမကျသေးတာပါပါတယ်။ ပြင်ရင်း ပြင်ရင်းနဲ့ နည်းနည်းတော့ ပိုလှလာတယ်လို့ ထင်ပါတယ်။ အရင် ဘလော့ဒီဇိုင်းကို ပိုကြိုက်တယ်လို့ပြောကြတယ်။ အခုဘလော့က အားလုံးအတွက် ဖတ်ရတာ ပိုအဆင်ပြေမှာပါ။ ပိုကောင်းလာအောင် ကျနော် တဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ်။ အခု လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …
Windows 7 install with USB flash drive

Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။
Image Hosting by imagefra.me
အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ကျနော်ပေးခဲ့တာတွေ သုံးလို့ ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် free downloads ဆိုပြီး တွဲပေးထားတဲ့ sidebar မှာရှိတဲ့ site များထဲက အဆင်ပြေရာတစ်ခုမှာ ရှာဖွေ ဒေါင်းယူနိုင်ပါတယ်)
Image Hosting by imagefra.me
iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။
Image Hosting by imagefra.me
USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။
ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ …

နည်းပညာဆိုင်ရာ Website များ

wifi ဟတ်နည်းလေးပါ သူငယ်ချင်းများ သိစေရန်အတွက်ပါ

How to Hack a WiFi Network In Windows?
ခဏခဏမေးတတ်ကြတဲ့ wifi ဟက်နည်းပါ တစ်ခုတော့ သိထားပါ မဟက်ခင် စစ်ရင်ပေါ်တယ်ဆိုတာ ကိုတော့ ခေါင်းထဲ အရင်ထည့်ထားပါ စစ်ကြည့်ရင်သိပါတယ် ဖောက်တာကတော့ဖောက်လို့ ရတယ် ဖောက်တဲ့ Tools တွေလဲ တင်ထားပေးတာရှိပါတယ် အရင်ကဖောက်နည်းတစ်ခု ကိုလဲ တင်ထားပေးခဲ့ ပြီးဖြစ်သလို ဖောက်နေတဲ့သူတွေကို ပြန်စစ်မယ့်ဆော့ဝဲလ်ကို လဲ တင်ထားပေးဖူးပါတယ် ကဲ အခု ဘယ်သူရယ်လို့ နာမည်မတပ်တော့ပါဘူး မေးထားတာ အများဆုံးမေးခွန်းမို့လို့ပါ တစ်ခါတလေလဲ တွေးမိပါတယ် အချောင်လိုက်ချင်သူတွေ ဒီလောက်တောင်ပေါသလားလို့ ပြောရင်တော့ဖြင့် ပညာရပ်ကိုတတ်ချင်လို့ပါ လို့တော့ပြောတာပဲ တကယ်တန်း ဒီလို မဟုတ်တာကိုတော့ ကိုယ်တိုင်သိကြပါလိမ့်မယ်

tools နှစ်ခုကို အသုံးပြုပြီး လုပ်ကြည့်ကြပေါ့နော် :
1. Commview for WiFi : 
2. Aircrack-Ng GUI :
 
ဒီမှာ Tools တွေ ဒေါင်းပါ

1.Aircrack-NG GUI

Get it from here

2.Commview for Wifi

Get it from here
Step 1 :  CommView ကို Install လုပ်ပါ   VoIP mode နဲ့ Standard mode 2မျိုးမှာ  VoIP ကို အသုံးပြအုပြီးလုပ်ပါမယ်. လိုအပ်တဲ့  drivers တွေကို အလိုလို အင်စတောလုပ်ပါလိမ့်မယ်ခွင့်ပြုပေးလိုက်ပါ.
 

Step 2 :အောက်မှာ ပြထားသလို   PLAY ပုံလေးကို ကလစ်ပေးပါ
 
Step 3 : ( Networkရွေးချယ်ချင်း (a) ) : START SCANNING button လေးကို ကလစ်ပေးပါ
Step 4 : (Networkရွေးချယ်ချင်း (b) ) : Click on the  ညာဘက် Coulumn မှုာ hack ချင်တဲ့ WiFi network ကို ကလစ်ပေးပါ နောက်  CAPTURE ဆိုတာကို ကလစ်ပေးပါ

Note :- ဒီ tutorial  လေးက WEP protected networks တွေ အတွက်ပါနော်မေ့နေလို့
Step 5 : (Capturing the Packets) :started Capturing Packets
 
Step 6 : (Saving the Packets ) : အခု Packets များကို ဆေ့လုပ်ဖို့ လိုပါတယ်
Click on Settings->Options->Memory Usage Change Maximum Packets 20000 ပဲရိုက်ပါ
 
  LOGGING Tab ကိုကလစ်ပါ
AUTO-SAVING ကို Check  လုပ်ပါ
  Maximum Directory မှာ Size ကို  : 5000 ထည့်ပေးပါ
Average Log File Size မှာ : 50 ထည့်ပေးပါ
specified directory မှာ .ncp format အနေဖြင့် 20MB နဲ့ packets တွေကို  အလိုလိုသိမ်းထားပါလိမ့်မယ်
Step 7 : ( Concatenating the Logs ) :
  .ncf file .ဖိုင်တစ်ခု၇လာပါပြီ
Step 8 : (Converting .ncf to .cap ) : ရလာတဲ့  packets တွေကို ဖိုင်ဖော့မက်ပြောင်းပစ်ဖို့  .cap file အဖြစ်ပြောင်းဖို့ အတွက် AIRCRACK နဲ့  crackလုပ်ရပါမယ်

Click on File->Log Viewer->Load Commview Logs-> Choose the .ncf file. Now File->Export->Wireshark/TCP dump format ဒီအတိုင်းလေးပါ

Aircrack Part :

ဒုတိယ အပိုင်းကတော့ရိုးရှင်းပါတယ်.  Aircrack Folder->Bin->Aircrack-ng GUI.exe Choose the .cap file and you should be able to do the others 
 
ကိုယ့်အရည်အချင်းအပေါ်မူတည်ပြီးလုပ်ရမရ ဆိုတာ ကွာသွားပါလိမ့်မယ် ဘာဖြစ်တယ်ညာဖြစ်တယ်တော့ ပြန်လာ မအော်ပါနဲ့ တင်ပေး  ပါဆိုလို့ တင်ပေးလိုက်တာ ကျေးဇူးတင်ပါတယ် အာကာဖြိုး
မှတ်ချက်             (အကို အာကာဖြီုး ဆိုဒ်မှ ကူးယူ ဖော်ပြ ချင်း ဖြစ်သည်)

အခွေကို ကူးဖို့ Nero PlatinumHD v.11 Full + Key + Patch


ကဲ....... အသစ်တော့လာပါပြီ ကျွန်တော်လည်း စမ်းကြည့်ပြီးပြီ အဆင်ပြေတယ်ဗျာ။
ဒါပေမယ့် ဒေါင်းရမယ့်ဖိုင်က နည်းနည်းများတယ်။ Media Fire
......................
ဒေါင်းရန် 1-5 200MB, 6- 19.38MB
Download -Part 1
Download -Part 2
Download -Part 3
Download -Part 4
Download -Part 5
Download -Part 6
.....................
install-တဲ့အခါမှာ ဒီကီးကို ထည့်လိုက်ပေါ့ 9004-027E-UM18-71C6-57TK-P034-UU8X-0U4A
တင်လို့ပြီးသွားရင် Patch-folderထဲက Patch-ဆိုတဲ့ဖိုင်ကို ထပ်တင်လိုက်ပါ။ ပြီး၏။
.....................
မူရင်းဆိုက်ဖြစ်တဲ့ http://www.mediafileload.com/nero-11-platinum-full-hdpatch-mediafire/ ကိုလည်း
ကျေးဇူးတင်ပါတယ်။ ဒေါင်းချင်ရင် အဲ့မှာ ဒေါင်းလို့ရပါတယ်

IObit Advanced SystemCare 5.0 Pro

IObit Advanced SystemCare 5.0 Pro
Posted: 19 Feb 2012 07:18 AM PST


SystemCare_Pro5.1.0.195
ဒီကောင်လေးကတော့ ဘယ်မှာသုံးတယ်ဆိုတာတော်တော်များများသိမှာပါ 
ဒါကြောင့်မပြောတော့ပါဘူးအသုံးပြုနည်းကို http://www.iobit.com/မှာသွားလေ့လာနိုင်ပါတယ်
လိုင်စင်အတွက်ကတော့ ပရိုမိုးရှင်းပေးပါတယ် 
မှာလေ့လာနိုင်ပါတယ်
http://www.iobit.com/advancedsystemcarepro.html ဒေါင်းနိုင်ပါတယ်
Download>>>http://www.diskme.com/
PhotoAcute.Studio.3.004
Posted: 19 Feb 2012 06:43 AM PST


PhotoAcute.Studio.3.004
သူကတော့ ပုံမှာ ပြထားတဲ့အတိုင်း မှုန်နေတဲ့ ပုံတွေကို ကြည်အောင်လည်းလုပ်ပေးနိုင်တယ်
နောက်အခြားအလုပ်ဆောင်ချက်တွေလည်းအများကြီးရှိပါတယ် 

http://photoacute.com/studio/ မှာလေ့လာနိုင်ပါတယ် 
အဆင်ပြေပါစေ
Adobe Reader 10.1.0 Apk For Android
Posted: 19 Feb 2012 06:05 AM PST



Adobe Reader 10.1.0 Apk For Android OS
Android ဖုန်းနဲ့ Tablet တွေအတွက် Adobe Reader 10.1.0 ကိုတင်ပေးလိုက်ပါတယ်။

pdf ဖိုင်တွေကိုဖတ်ရှုချင်သူတွေအတွက်အဆင်ပြေမှာပါ။ အောက်မှာရယူနိုင်ပါတယ်။



Mepmedia.Software.BurnPro.v7.0
Posted: 19 Feb 2012 05:03 AM PST


Mepmedia.Software.BurnPro.v7.0
သူကတော့  ခွေဘမ်း တဲ့ ဆောစ့်ဝဲလ်လေးပါ 
CD . DVD တွေကို အလွယ်တကူ Burn နိုင်ပါတယ်

အဆင်ပြေပါစေ
Android Honeycomb Skin Pack 2.0
Posted: 19 Feb 2012 04:32 AM PST


Android Honeycomb Skin Pack 2.0-X86 x64 windows 7
ဝင်းဒိုး 7 အသုံးပြုသူတွေအတွက် Skin အလန်းလေးပါ  27 MB ဘဲရှိပါတယ်

 (or)
လိုင်မကောင်းလို့ မှုရင်းလိပ်စာဘဲတင်ပေးလိုက်ပါတယ်
VLC 2.0 Final Released
Posted: 19 Feb 2012 04:21 AM PST


VLC 2.0 Final Released
ဒီကောင်လေးကို တော်တော်များများသိမှာပါ 
ရုပ်ရှင်တွေ သီချင်းတွေဖွင့်တဲ့နေရာမှာ 
အသုံးပြုပါတယ် ဖိုင်တော်တော်များများမှာအလုပ်လုပ်ပါတယ်
K-Lite Codec Pack 8.4.0 Full
Posted: 19 Feb 2012 04:08 AM PST


K-Lite Codec Pack 8.4.0 Full
သူကတော့ တော်တော်များများသိမှာပါ  ရုပ်ရှင်တွေ သီချင်းတွေဖွင့်တဲ့နေရာမှာ 
အသုံးပြုပါတယ် ဖိုင်တော်တော်များများမှာအလုပ်လုပ်ပါတယ်
K-Lite Codec Pack  install လုပ်လိုက်ပါ format အားလုံးနီးပါးကို 
window media player တစ်ခုတည်းနဲ့ ဖွင့်လို့ ရသွားပါလိမ့်မယ်


မှာလေ့လာနိုင်ပါတယ်
မှာ ဒေါင်းလော့လုပ်နိုင်ပါတယ် Free ပေးပါတယ်
http://www.filehippo.com/download_klite_codec_pack/ မှာလည်း ဒေါင်းနိုင်ပါတယ် အဆင်ပြေပါစေ
Views: 38