WELCOME

28 September 2013

LAYER...အကြောင်းသိကောင်စရာ.....


Photoshop ကိုလုပ်ဆောင်ဖို့ရာ အဓိက ပိုင်နိုင်ရမှာက Layer တွေကိုပါ။ Layer တွေရဲ့ အလုပ်လုပ်ပုံကို အကျွမ်းတ၀င်သိထားမယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းဟာ သက်ဝင်နေမှာပါ။ Layer တွေရဲ့ လုပ်ဆောင်ချက်တွေတိုင်းကို အောက်မှာ အမှတ်စဉ်နဲ့ ဖော်ပြထားပါတယ်.... ကြည့်လိုက်နော်......




ပုံမှာ ပုံ Layer လေးခုနဲ့ Background Layer တစ်ခုပေါ့..... (အဲ့ဒါက Background Layer ပေါ်ကို ဆွဲထားတဲ့ ပုံလေးပုံပါ...) အဲ့ဒါဆိုရင် Layer လေးတွေကို ဘယ်လို လုပ်မယ်ဆိုတာ သွားလေ့လာကြည့်မယ်နော်......

(). ပုံ Layer များကို နာမည်ပြောင်းခြင်း

အခု အပေါ်ပုံလေးရဲ့ Layer Palette လေးကို ကြည့်လိုက်မယ်နော်.....အဲ့မှာ Layer 1, Layer 2,.... ဆိုပြီး ပြထားတဲ့နေရာတွေကို အရောင်လိုက် နာမည်တွေ ဒါမှမဟုတ် ကိုယ်ပေးချင်တဲ့ နာမည်တွေကို ပေးမယ်ဆိုရင် ခု Layer 1 ဆိုတဲ့ စာရှိတဲ့နေရာလေးကို Double Click နှိပ်လိုက်ပါ။ ပြီးရင် Select ဖြစ်သွားတဲ့ Box လေးထဲ ကိုယ်ပေးချင်တဲ့နာမည် (eg., yellow) လို့ ရိုက်ပြီးရင် Enter နှိပ်လိုက်ပါ။




(၂). Layer များကို အပေါ်/အောက် စီခြင်း




ပုံ Layer တွေကို အဲလိုလေး စီထားလိုက်နော်.... ပြီးရင် အပေါ်/အောက် ရွှေ့ချင်တဲ့ Layer တွေကို Mouse လေးနဲ့ ဖိဆွဲပြီး အပေါ်တင်/ အောက်ချ လုပ်ကြည့်လိုက်နော်....အရင်ဦးဆုံး Layer ကို Active ဖြစ်အောင်လုပ်ပါ..( Layer ကို Select လုပ်တာပေါ့...) ပြီးရင် လက်ညှိုးပုံလေး ပေါ်လာရင်အပေါ်အောက် ဆွဲတင်/ဆွဲချ လုပ်နိုင်ပြီလေ.....အောက်က ပုံလေးအတိုင်း လိုက်စီကြည့်ပါ.....




(၃). Layer တွေကို မြင်ကွင်းမှ ဖျောက်ထားခြင်း

ကိုယ်က Layer တခုထဲမှာပဲ အလုပ်လုပ်နေတယ် ... ပုံ Layer တွေကလည်း အများကြီးပဲ... အဲ့ဒါကြောင့် မလိုအပ်သေးတဲ့ Layer တွေကို ခဏဖျောက်ထားချင်တယ်ဆိုရင်..... Layer Palette ထဲက မျက်လုံးပုံလေးကို တစ်ချက်နှိပ်လိုက်ပါ... ဖော်တာကော ဖျောက်တာကောက အဲ့ဒီမျက်လုံးနေရာလေးကို တစ်ချက်စီ ပြန်နှိပ်ပေးလိုက်ရုံပါပဲ.....




(၄). Layer များကို Link ချိတ်ခြင်း ( Layer များပေါင်းခြင်း)

Layer များကို ပေါင်းမယ်ဆိုရင် အရင်ဦးဆုံး Link ချိတ်ပေးရပါတယ်.... ပထမ Layer ကို Active ဖြစ်အောင်
လုပ်ထားပါ... ပြီးလျှင် ကျန် Layer များကို Ctrl ဖိပြီး Select လုပ်ပါ.... ပြီးလျှင် Keyboard မှ Ctrl + E ကိုနှိပ်ပါ။



 



(၅). Layer များကို ဖျက်ပစ်ခြင်း

မလိုအပ်တော့သော Layer များကို ဖျက်ပစ်ချင်လျှင် ကိုယ်ဖျက်ချင်သော Layer ကို Active ဖြစ်အောင်လုပ် ပြီးလျှင် Layer ပေါ် Right Click နှိပ်ပြီး Delete Layer ကိုရွေးနှိပ်လိုက်ပါ။ ပြီးပါက Yes ကိုရွေးနှိပ်ပါ။ နောက်တစ်နည်းကတော့ Layer Palette ရဲ့ အောက်ဘက်နားလေးမှာ အမှိုက်ပုံး ပုံလေးကို တွေ့တယ်ဟုတ်...
ကိုယ်ဖျက်ချင်တဲ့ Layer ကို Mouse နဲ့ ဖိဆွဲပြီး အမှိုက်ပုံးထဲကို ဆွဲထည့်ပေးလိုက်ရုံပါပဲ....




ဖျက်ပစ်လိုက်တဲ့ Layer ကိုပြန်လိုချင်တယ်ဆိုရင် Ctrl+Z ကိုတစ်ခါနှိပ်ပြီး Ctrl+Alt+Z ကိုဆက်နှိပ်သွားပါ။

(၆). Layer များကို ပွားယူခြင်း

Layer များကို ပွားလိုလျှင် ပွားယူလိုသော Layer ကို Active ဖြစ်အောင်လုပ်ပြီး Layer ပေါ် Right Click နှိပ်ပြီး Duplicate Layer ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ Duplicate Layer Box ထဲမှာ Layer အသစ်ရဲ့ နာမည်ကို ပေးလို့ရတယ်...မပေးချင်လည်း သူပေးတဲ့နာမည် blue copy ဆိုတဲ့အတိုင်း ထားလိုက်လဲ ရပါတယ်....ပြီးရင် OK ပေးလိုက်ပါ။ နောက်တစ်နည်းကတော့ Keyboard မှ Alt ကိုဖိပြီး ကိုယ်ပွားချင်တဲ့ ပုံကို ဖိပြီး ပွားလိုက်ရုံပါပဲ...





 (၇). Layer အသစ်တောင်းခြင်း

နောက်ထပ် ပုံ Layer တွေအတွက် Layer အသစ်လိုချင်လျှင် Layer Menu > New > Layer ကို ရွေးပါ။ Shortcuts Key အနေနဲ့ Ctrl + Shift + N ကိုနှိပ်နိုင်ပါသည်။ နောက်တစ်နည်းကတော့ Layer Palette ရဲ့ အောက်ဆုံးက ရုပ်ပုံလေးကို တွေ့တယ်ဟုတ်... အမှိုက်ပုံးလေးရဲ့ ဘေးချင်းကပ်လျက်မှာ စာရွက်လေး လမ်နေတဲ့ ပုံလေး Create New a Layer ဆိုတာလေးကို တစ်ချက် နှိပ်ပေးလိုက်ရုံပါပဲ.....




(၈). Layer များကို ရွှေ့မရအောင် Lock လုပ်ထားခြင်း

ပုံ Layer များကို ရွှေ့မရအောင် သော့ခတ်ထားချင်တယ်ဆိုရင် ကိုယ်ရွှေ့မရအောင် လုပ်ချင်သော ပုံ Layer ကို Active ဖြစ်အောင်လုပ်ထားပါ။ ပြီးလျှင် Layer Palette ပေါ်က သော့ပုံလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကိုယ့်ရဲ့ ပုံလေးကို ဘယ်လိုမှ ရွှေ့လို့ရတော့မှာ မဟုတ်ပါ။ ပုံလေးကို ပြန်ပြီး ရွှေ့လို့ရချင်တယ်ဆိုရင်တော့ ပုံ Layer ကို Active ဖြစ်အောင် ပြန်လုပ်ပြီး Layer Paletter ထဲက သော့ပုံလေးကို တစ်ချက် ပြန်နှိပ်ပေးလိုက်ရုံပဲပေါ့....





(၉). Background Layer ကိုရွှေ့လို့ရအောင် Lock ဖြုတ်ခြင်း

အခု ပုံအတိုင်းဆိုလျှင် Background Layer ကို ရွှေ့လို့မရပါ။ ရွှေ့လို့ရချင်လျှင် Background Layer ကိုနှစ်ချက်နှိပ်လိုက်ပါ။ ပြီးလျှင် Box လေးတစ်ခု ပေါ်လာမယ် ...အဲ့ဒီမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးလို့ရတယ်...မပေးချင်လည်း သူပေးတဲ့နာမည်နဲ့ သုံးလည်းရတယ်... OK ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Background Layer ကိုအလွယ်တကူ ရွှေ့လို့ရသွားမှာပါ။





ဒီဇိုင်းတွေ ဖန်တီးတဲ့အခါမှာ ကိုယ့်ရဲ့ ပုံရိပ်တွေမှာ တစ်ခုခုမှားနေခဲ့လို့ရှိရင် Layer Palette မှာ Layer လေးတွေကို ပြန်လည်စစ်ဆေးကြဖို့ပါ။
Layer လေးတွေရဲ့အကြောင်းကို ဆောင်းသိသလောက်ပြောပြပေးထားပါတယ်နော်... သူငယ်ချင်းတို့ကိုလည်း ဆောင်းရဲ့လိုအပ်ချက်လေးတွေကို ပြန်လည်ဝေဖန် ဖြည့်စွက်ပေးကြဖို့ကို မျှော်လင့်ပါတယ်...
အဆင်ပြေပါစေနော်.....

26 September 2013

ကျွန်တော်ကြိုက်သော...blogspots.com

http://www.pyaephyo.com/
http://www.zwmnna.com/
http://aungsan96.blogspot.com/
http://thetnaing.mandalaybloggers.org/
http://zaw357.blogspot.com/
http://aungsan96.blogspot.com/