WELCOME

2 March 2012

မိမိစက်ထဲမှာရှိတဲ့ Folder လေးတွေရောင်စုံ (သို့) ပုံလေးတွေနဲ့လုပ်ချင်ရင်

မိမိစက်ထဲမှာရှိတဲ့ Folder လေးတွေရောင်စုံ (သို့) ပုံလေးတွေနဲ့လုပ်ချင်ရင်


သူငယ်ချင်းအားလုံးမင်္ဂလာပါ
မိမိစက်ထဲမှာရှိတဲ့Folderတွေကိုအရောင်စုံပုံလေးတွေလုပ်ချင်ကြရင်ဗျာ
ဒီဆော့ဝဲလ်လေးကမဆိုးကောင်းတယ်ပြောရမလားပဲ အရင်ကလည်း
ကျနော်တစ်ခုသုံးဖူးတယ်အလကားမရဘူး
ဒါလေးကFREEရတယ်ဗျာ
လိုအပ်နေတယ်ဆိုရင် အောက်မှာအရင်ဒေါင်းလိုက်ပါနော်
Windows7မှာတော့သေချာပါတယ်
WindowsXP မှာတော့ရလားသိဘူးဗျာစမ်းကြည့်လိုက်နော်
ဆော့ဝဲလ်လေးဒေါင်းပြီးရင် install လုပ်လိုက်ပါ install လုပ်ပြီးလျှင်အောက်ပါပုံကိုကြည့်လိုက်ပါ
မိမိအရောင်ပြောင်းချင်တဲ့ Folder လေးကို မောက်(မျှား)လေးတင်ပြီး Right Click နှိပ်လိုက်ပါ
Right click လုပ်ပြီးပါက ပုံမှာမြင်သည့်အတိုင်း အနီရောင်ပြထားတဲ့ Folderico မှာကလစ်လိုက်ပါ



Select icon မှာကလစ်လိုက်ပါ

Windows7ဆိုတဲ့နေရာမှာကလစ်နှိပ်ပြီးမိမိကြိုက်နှစ်သက်တဲ့အရောင်ရွေးပြီးကလစ်လိုက်ပါ
ပြီးရင် Select မှာဆက်ကလစ်လိုက်ပါ....ညာထက်အဆုံးထဲ ဆွဲကြည့်လိုက်ပါနော် ပုံလေးတွေနဲ့အစုံရှိပါတယ်

ဒီရောက်ရင်တော့ Apply မှာကလစ်လုပ်လိုက်ပါ ဒါဆိုပြီးပါပြီး Close မှာကလစ်ပြီးပြန်ဝင်လိုက်ပါ

ဒါကတော့ပုံလေးတွေနဲ့ပါ အပြာရောင်ပြထားတဲ့နေရာမှာကလစ်နှိပ်ပြီးကြည့်လိုက်ပါ
လုပ်နည်းကတော့အပေါ်မှာပြောခဲ့သလိုပါပဲ

**************************************************************************************************
ဒီအောက်ကအတိုင်းလည်းလုပ်လို့ရပါတယ် desktop ပေါ် Folderico တစ်ခုလိမ့်မယ်
အဲမှာကလစ်နှိပ်ပြီးဖွင့်လိုက်ပါ

Selecy folder မှာကလစ်နှိပ်ပြီး မိမိအရောင်ပြောင်းချင်တဲ့ Folder ကိုဆွဲထည့်လိုက်ပါ
ကြံတာတော့အပေါ်မှာပြောခဲ့သလိုပါပဲ

ကဲသူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ကြပါစေ
ဒီလိုရောင်စုံလေးတွေနဲ့လုပ်ထားရင်လန်းတာပေါ့နော်
အနီရောင်လေးက..နီလာအတွက်..အပြာရောင်လေးက..ကြည်ပြာအတွက်..ဟိဟိဟိ
အာကာမိုးနိုင်+ရွှေမြန်မာဥယျာဉ်
You might also like:

No comments:

Post a Comment