WELCOME

2 December 2011

file ပြန်ဖြေသည့် နည်းလမ်းများ

ဒါကတော့ အခုနောက်ပိုင်း လူသုံးများလာတဲ့ ဖိုင်ခွဲတဲ့ program တစ်ခုပါ . win rar တို့ win zip တို့နဲ့ ဖိုင်ခွဲလို့ရတာပဲ . ပြန်ဆက်လို့ ရတာပဲလို့ အတွန့်တက်လာ နိုင်ပါတယ် . ဘာ့ကြောင့် သူ့ကိုမှ သုံးရတာလဲဆိုရင် win rar တို့ win zip တို့နဲ့ ဖိုင်အကြီးကြီး (ဥပမာ DVD တစ်ချပ်ကို) 50 MB စီရှိတဲ့ ဖိုင်လေးတွေ ပြန်ခွဲထုတ် ချင်တယ်ဆိုရင်တော့ hjsplit နဲ့မှ မဟုတ်ရင် file ပြန်ပြီး ဖြည်တဲ့အချိန်ကျရင် error တွေ တက်တတ်ပါတယ် . Download လုပ်တုန်းက လုပ်ပြီးခါမှ error တက်နေရင် ရင်ကျိုးရချည်ရဲ့ မဟုတ်ဘူးလား . အခု ဒီကောင်လေးက ဘာ error မှ မဖြစ်ဘဲနှင့် အကောင်းဆုံး ခွဲ/ဆက် အလုပ်ကို လုပ်ပေးနိုင်ပါတယ် . သူ့ကို Install လုပ်စရာမလိုပါဘူး . သူ့ကို အသုံးပြုနည်းကို အရင်က ရေးခဲ့ပြီးပါပြီ . သူနဲ့ ဖိုင်တွေကို ခွဲထုတ်ရင် နောက်ဆုံးက 001, 002,003 အဲ့လိုမျိုး ဆုံးပါတယ် . အဲ့တော့ အကြမ်းဖျင်း သိထားရမှာက .rar နဲ့ဆုံးရင် win rar နဲ့ ဖိုင်ခွဲထားတယ်၊ .zip နဲ့ ဆုံးရင် win zip နဲ့ ဖိုင်ခွဲထားတာ၊ အဲ 001, 002,003 နဲ့ ဆုံးနေတဲ့ ဖိုင်တွေကို မြင်ရင် ဘာမှမတွေးနဲ့ အဲ့ဒါ hjsplit နဲ့ ဖိုင်ခွဲထားတာ အဲ့တော့ hj split နဲ့ပဲ ပြန်ဆက်လို့ရမယ်လို့ သိလိုက်ရင် အိုကေသွားပါပြီ .

Download ifile.it | Download mediafire | Download rapidshare

No comments:

Post a Comment