WELCOME

12 April 2012

2012 iTunes 10 မှာ Ringtone လုပ်နည်း



အခုတစ်ခါ ကျွန်တော် itune 10 မှာ ringtone လုပ်နည်းလေး ရေးပေးသွားပါမယ်။ ကိုယ်ကြိုက်တဲ့သီချင်း
သံစဉ်တွေ ကို  itune ပေါ်မှာဘဲ  ဖြတ်ပြီး လွယ်လွယ်ကူကူ ringtone လုပ်ကြရအောင်။ ကျွန်တော် တို့ သိသမျှ
လေးတွေကိုသာ ပြန်လည်မျှဝေတာဖြစ်တဲ့ အတွက် လိုအပ်ချက်များ၊ မပြည့်စုံမှုတွေရှိခဲ့ ရင်ခွင့်လွှတ်ပေးစေ
ချင်ပါတယ်။ ကဲစရအောင်…..

ကျွန်တော်တို့ က itune ပေါ်မှာလုပ်မှာဆိုတော့ အရင်ဦးဆုံး itune ကို ဖွင့်လိုက်ပါ။
ဖွင့်ပြီးရင် မိမိတို့ ကြိုက်တဲ့ သီချင်းသံစဉ်တွေနဲ့ ဖြတ်ပေါ့ ။ကျွန်တော်ကတော့  ရှင်းရှင်းလင်းလင်းမြင်ရအောင်တွေ့ ရာ
တစ်ပုဒ်ပဲတင်ထားပါတယ်။
ကျွန်တော်တို့ လုပ်ချင်တဲ့ သီချင်းပေါ်မှာ Right Click နှိပ်ပြီး Get Info ကိုရွေးလိုက်ပါ။



ပြီးရင် Options ကိုရွေးပြီး ကိုယ် ဖြတ်ချင်တဲ့  မိနစ်၊စက္ကန့်  ကိုသတ်မှတ်လိုက်ပါ။ အများဆုံး စက္ကန့်  ၃၀ ဖြတ်လိုက်ပါ။ ပြီးရင် OK


နောက်တစ်ဆင့် အဲဒီသီချင်းကိုဘဲ Right Click နှိပ်ပြီး Create AAC Version ကိုရွေးလိုက်ပါ။

ကိုယ်ဖြတ်ထားတဲ့ အပိုင်းလေးပေါ်လာပါလိမ့် မယ်။ သူ့ ကို Right Click နှိပ်ပြီး Show in Windows Explorer
ကိုနှိပ်လိုက်ပါ။ (Mac OS ဆိုရင် Show in Finder)

အခု Windows Explorer မှာ ကျွန်တော်တို့ လုပ်ထားတဲ့  ringtone လေးပေါ်လာပါပြီး။


အဲဒါကို ကျွန်တော်တို့ File Extension  .m4a ကနေ .m4r အဖြစ်ပြောင်းပေးရပါမယ်။
File Extension ပြောင်းဖို့ အတွက် Folder Option ထဲ ၀င်ရပါမယ်။အောက်မှာကျွန်တော်ပုံမှာပြထားတဲ့ အတိုင်း Organize ထဲက Folder and search options ကို နှိပ်လိုက်ပါ။

Folder Options ထဲရောက်သွားရင် View ထဲက Hide extensions for known file types မှာ အမှန်ခြစ်ထားရင်
ဖြတ်လိုက်ပါ။ပြီးရင် OK

Name နေရာမှာ file extension ပါတွေ့ ရပါပြီး။


သူ့ ကို Right Click–rename (or) F2 ကိုနှိပ်ပြီး file extension .m4a နေရာမှာ .m4r လို့ ပြောင်းလိုက်ပါ။


ပြီးရင်ကျွန်တော်တို့ itune ကိုပြန်သွားပြီး ကိုယ်လုပ်ထားတဲ့  Ringtone ကိုဖျက်လိုက်ပါ။ အဲမှာ Keep file ကိုရွေးလိုက်ပါ။
ပြီးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။။။။
Share to Google Buzz
Share to Google Plus
Share to LiveJournal

No comments:

Post a Comment