WELCOME

11 April 2012

Windows explorer has stopped working error ဖြေရှင်းနည်း


အခုကျွန်တော် windows မှာ တော်တော်များမျာဖြစ်တတ်တဲ့  Windows explorer has stopped working ဆိုတဲ့ error ဖြေရှင်းနည်းလေးပြောပြပါမယ်။ ဖြေရှင်းနည်းနှစ်နည်းရှိပါတယ်။
command prompt သုံးပြီးဖြေရှင်းနည်းနဲ့  အခု ကျွန်တော်ပြောပြမယ် Registry Editor နဲ့ ဖြေရှင်းနည်း
ပါ။ အောက်မှာကျွန်တော်ပုံလေးတွေနဲ့ တစ်ဆင့်ချင်းစီရှင်းပြထားပါတယ်။သိပြီးသူများသီးခံပေးပါခင်ဗျာ။
အခုကျွန်တော်တို့ က Registry Editor နဲ့ ဖြေရှင်းမှာဆိုတော့  အရင်ဦးဆုံး Windows Key + R နှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ။
ပြီးရင် regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

Registry Editor လေးပေါ်လာရင် HKEY_LOCAL_MACHINE ကိုနှိပ်လိုက်ပါ။အောက်မှာပုံကိုကြည့်ပြီးတစ်ဆင့်ချင်းစီလိုက်လုပ်သွားပါ။


အဲဒီအောက်မှာမှ SOFTWARE ကို ထပ်နှိပ်လိုက်ပါ။


ပြီးရင် SOFTWARE  အောက်က Microsoft ကိုထပ်နှိပ်လိုက်ပါ။


Windows

Windows အောက်ကပထမဦးဆုံးတွေ့ တဲ့  CurrentVersion ကို click လိုက်ပါ။


ပြီးရင် Explorer



 Explorer အောက်က Browser Helper Objects ကို ပုံမှာပြထားတဲ့ အတိုင်း
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။


ပြီးရင် Yes



OK ပြီးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေဗျာ...

No comments:

Post a Comment