WELCOME

15 November 2011

ဆောင်းနှင်းဖြူ Basic Photoshop CS3 Part (2)

အပိုင်း(၂)

စာလေးတွေရိုက်ပြီး ဒီဇိုင်းလေးတွေလုပ်မယ်

File > New ဖြင့် စာရွက်အသစ်တစ်ရွက်တောင်းပါ။ Tool Box မှ Type Tool (T) ကိုရွေးနှိပ်ပါ။ စာရွက်လေးပေါ် Click ချပြီး စာရိုက်ပါ။

Type Tool (T) လေးကို ရွေးလိုက်တာနဲ့ Type Tool (T) နဲ့ သက်ဆိုင်တဲ့ Tools Option Bar လေးတခု ကျလာမည်။

A. စာလုံး အမျိုးအစား ရွေးချယ်ရန်

B. စာလုံး ပုံစံ ရွေးချယ်ရန်
C. စာလုံး အရွယ်အစား ရွေးချယ်ရန်
D. ဒီနေရာလေးမှာတော့ None ကို ရွေးမထားမိဖို့ သတိထားပေးပါ။ None ကိုရွေးထားမိလျှင် စာလုံး Size အကြီးရေးတဲ့အခါမှာ စာလုံးရဲ့ အနားစောင်းများက မညီဖြစ်နေတတ်ပါသည်။
E. စာကို ဘယ်ဘက်က ရေးရန်
F. စာကို အလယ်ကနေ ရေးရန်
G. စာကို ညာဘက်ကနေ ရေးရန်
H. စာလုံး အရောင်ကို ရွေးချယ်ရန်
I. Create Warped Text (စာလုံး ဒီဇိုင်း ပြောင်းလဲရန်)
J. Toggle the Character and Paragraph Palettes

Type Tool (၄) မျိုး

Tool Box ထဲမှ Type Tool (T) ကို Right Click နှိပ်လျှင် အောက်ပါ ပုံအတိုင်း ပေါ်မည်။



(1). Horizontal Type Tool              - စာကြောင်းကို အလျားလိုက် အတိုင်း ရေးသောအခါတွင်                                                             သုံးသည်။
(2). Vertical Type Tool                  - စာကြောင်းကို ဒေါင်းလိုက် ရေးလိုသောအခါတွင် အသုံးပြုသည်။
(3). Horizontal Type Mask Tool      - အလျားလိုက် စာသားတွေကို Selection Area အဖြစ်အသုံးပြုလို
                                                  တဲ့အခါတွင် သုံးသည်။
(4). Vertical Type Mask Tool                   - ဒေါင်လိုက် စာလုံးပုံစံ Selection Area အဖြစ် အသုံးပြုလိုတဲ့အခါ
                                                  တွင် သုံးသည်။

လွယ်လို့ ပုံလေးတွေနဲ့ မပြပေးတော့ဘူး.... ကိုယ့်ဘာသာပဲ စမ်းကြည့်လိုက်တော့နော်... :)

Create Warped Text အသုံးပြုခြင်း

File > New မှ စာရွက်အသစ်တောင်းပါ။ KeyBoard မှ T ကို ရွေးနှိပ်ပါ။ ပြီးလျှင် စာရွက်ပေါ် Click ချပြီး စာရိုက်ပါ။ ပြီးလျှင် Create Warped Text ကို နှိပ်ပြီး စာတန်းပုံစံကို ပြင်ဆင်ကြည့်ရအောင်နော်......
စာရိုက်ပြီးလို့ အဆုံးသပ်ချင်ရင် Key Pad ထဲမှ Enter အသေးလေးကို နှိပ်ပါ။ Enter အကြီးက စာကြောင်း နောက်တစ်ကြောင်း ထပ်ရိုက်မည့်အခါမှသာ သုံးသည်။
ကိုယ်အသုံးပြုချင်တဲ့ ဒီဇိုင်း တခုကို ရွေးချယ်ပါ။ ပြီးလျှင် အောက်ဘက်က Bend, Horizontal, Vertical အချိုးများကို စိတ်ကြိုက်ချိန်ညှိပြီးမှ OK နှိပ်ပါ။

ကဲ သူငယ်ချင်းတို့လည်း တစ်ခုမက စမ်းကြည့်လိုက်ကြနော်... ဆောင်းကတော့ ဥပမာလေးတစ်ခုလောက်ပဲ ပြပေးထားတယ်....အဆင်ပြေကြပါစေနော်...အောက်ဘက်မှာ ဆက်ကြည့်လိုက်အုံးနော်......

Toggle the Character and Paragraph Palettes အသုံးပြုခြင်း


A. စာလုံး အမျိုးအစား ရွေးချယ်ရန်
B. စာလုံး အရွယ်အစား ရွေးချယ်ရန်
C. စာလုံး တစ်လုံးနှင့်တစ်လုံးအကြား အကွာအဝေးကို ရွေးချယ်ရန်
D. စာလုံးကို ချွန်သွားအောင် ပြုပြင်ရန်
E. စာလုံးကို အပေါ်တင် အောက်ချ လုပ်ရန် (စာလုံးကို Select ချယ်ထားပါ)
F. စာလုံး ပုံစံ ရွေးချယ်ရန် (Bold, Regular)
G. စာကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်းကြား အကွာအဝေးကို ရွေးချယ်ရန်
H. စာလုံး တစ်လုံးနှင့် တစ်လုံးကြားအကွာအဝေးကို ရွေးချယ်ရန်
I. စာလုံးကို ပြားအောင် ပြုလုပ်ရန်
J. စာလုံး အရောင်ကို ပြောင်းရန်
ဒီလောက်ဆိုရင်တော့ စာလုံးလေးတွေကို ဘယ်လိုပုံစံ ရေးမယ်ဆိုတာတော့ ကိုယ့်ဘာသာ ဆက်ပြီး ကလိကြပေါ့နော်...များများ ကလိမှ လက်ရည်က တတ်လာမှာလေနော်.... :P
အခုတစ်ခါ ကိုယ်ရေးထားတဲ့ စာလုံး / စာတန်းလေးတွေကို Gradient လေးတွေသုံးပြီး အရောင်ပြေးထည့်ချင်တယ်ဆိုရင်...... ဥပမာ .. စာကြောင်းလေးတော့ ရိုက်ထားလိုက်နော်..... ကဲစမ်းကြည့်မယ်နော်....စာရိုက်ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ရဲ့ စာ Layer ပေါ်ကို Right Click > Rasterize Type ကိုရွေးချယ်နှိပ်ပါ။


(A). Rasterize Type လုပ်လို့ ပေါ်လာတဲ့ Layer ပုံစံပါ။
(B). စာတန်းလေးကို Selection လုပ်ချင်ရင် B မြှားပြထားတဲ့ နေရာကွက်ထဲမှာ Ctrl ကိုဖိပြီး Mouse နဲ့ တစ်ချက်နှိပ်လိုက်ပါ။ စာတန်းလေးက Selection ဖြစ်သွားလိမ့်မည်။
- အရောင်ဖြည့်ရန်အတွက် Gradient Tool ကိုရွေးပြီး စိတ်ကြိုက်အရောင်ရွေးချယ်ပါ။ အပိုင်း (၁) မှာ ပြောပြခဲ့တဲ့အတိုင်းပဲ လုပ်ကြည့်ပါ။ အရောင်ရွေးပြီးလျှင် စာတန်းပေါ်ကို Drag ဆွဲပါ။ Selection ပြန်ဖျောက်ဖို့ အတွက် Keyboard မှ Ctrl+D ကိုနှိပ်ပါ။ ဒါမှမဟုတ် Select Menu > Deselect ကိုရွေးချယ်နှိပ်လိုက်ပါ။

EyeCandy 4000 Plugin တွဲဖက်အသုံးပြုနည်း

EyeCandy 4000 Plugins Software Installation
EyeCandy 4000 Software လေးကို ဒီမှာ ဒေါင်းပါ....ပြီးလျှင် Software ကိုနှစ်ချက်နှိပ်...
Serial No. DIJOMMHCPEOM ကို Copy ကူးပါ....
Setup File လေးကို နှစ်ချက်နှိပ်
Next > Accept > Next > ပြီးရင် Form တခု ကျလာလိမ့်မည်။ ပုံမှာ ပြထားတဲ့အတိုင်း
- full name, company, code တို့ကို ဖြည့်ပေးပါ။ code က ခုန ကော်ပီလုပ်ထားတာလေးကို paste လုပ်လိုက်ပါ။ ပြီးလျှင် Next ကိုနှိပ်ပါ။
Next ကိုနှိပ်လိုက်ပါက အောက်က ပုံလေး ကျလာလိမ့်မည်။ အဲ့ဒီမှာ Program Files လေးကို နှစ်ချက်နှိပ်ပါ။

Program Files နှစ်ချက်နှိပ်လို့ ကျလာတဲ့ပုံ


နောက်ထပ် Adobe ကိုနှစ်ချက် ထပ်နှိပ်လိုက်ပါ။
Adobe Photoshop CS3 ကို နှစ်ချက်နှိပ်ပါ။
ပြီးလျှင် Plug-ins ကိုနှစ်ချက်နှိပ်

Filter ကိုနှစ်ချက်နှိပ်ပြီး OK နှိပ်ပါ။



အမှန်ခြစ်ကို ဖြုတ်ပါ။ Finish နှိပ်ပါ။
Note: ဒီ EyeCandy 4000 Software လေးကို ထည့်နေချိန်တွင် Adobe Photoshop Program လေးကို မဖွင့်ထားပါနှင့်။ Software ထည့်ပြီးမှသာ ဖွင့်ပါရန်။
Photoshop Program လေးကို ဖွင့်ပြီး စာရွက်အသစ်တောင်းပါ။ ပြီးလျှင် စာလေး တစ်ကြောင်းလိုက်ရိုက်လိုက်နော်... ဆောင်းကတော့ ဇွဲကပင်မြေလို့ပဲ ရိုက်လိုက်ပါတယ်။...
ပြီးရင် EyeCandy 4000 ကို သွားသုံးကြည့်ဖို့အတွက် Filter > EyeCandy 4000 > Bevel Boss > OK နှိပ်ပါ။
ဥပမာ ငါးခုလောက်တော့ ပြထားပေးပါတယ် ကိုယ့်ဘာသာ အချိုးတွေကို လိုသလို လိုက်ချိန်ကြည့်လိုက်တော့နော်.....


ကဲ သူငယ်ချင်းတို့တွေ ဒီဇိုင်းလေးတွေ ထွင်လိုက်ကြအုံးနော်... ဒီလောက်လေးနဲ့ပဲ ခဏနားထားမယ်နော်.... နောက်နေ့မှာ နောက်အပိုင်းကို မျှော်ပေါ့.... :P

နောက်ထပ် EyeCandy Software တွေကို ထပ်တင်ပေးပါ့မယ်....

No comments:

Post a Comment