WELCOME

15 November 2011

ဆောင်းနှင်းဖြူ Basic Photoshop CS3 Part (7)

Pen Tool အကြောင်း

Pen Tool ဟာ Photoshop ကိုအသုံးပြုပြီး Graphic ဖန်တီးသူတွေ Photo Editing လုပ်မယ့်သူတွေအတွက် အသုံးဝင်ပြီး အရေးကြီးတဲ့ Tool လေးတစ်ခုပါ။ Pen Tool နဲ့ မျဉ်းဖြောင့်၊ မျဉ်းကွေးတွေ ဖန်တီးနိုင်သလို၊ ပုံတွေကို လိုသလို ဖြတ်တောက်ပြုပြင်ဖို့အတွက် အနုစိပ် သတ်မှတ်နိုင်ပါတယ်။ Tool Box မှ Pen Tool လေးကို Right Click နှိပ်ပြီး သူ့ထဲ ပါဝင်သည့် အုပ်စုလေးကို လိုသလို ရွေးချယ် သုံးနိုင်ပါတယ်။ အောက်မှာ Tool တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံလေးကို ပြောပြပေးမယ်နော်....




- Pen Tool လေးကို ရွေးချယ်လိုက်ရင် Tool Options Bar မှာ သူ့နဲ့သက်ဆိုင်တဲ့ Option လေးတစ်ခု ကျလာတာတွေမှာပါ။ အောက်က ပုံလေးအတိုင်းပေါ့.....



 A. Shape Layers       B. Paths        C. Fill Pixel     D. Pen Tool   F. Freeform Pen Tool
တစ်ကယ်လို့ Shape Layer ကိုရွေးချယ်မယ်ဆိုရင် Tool Option Bar မှာ Styles နဲ့ Color ဆိုပြီး ထပ်တိုးရောက်ရှိလာမှာဖြစ်ပါတယ်။
 
Shape Layers ကိုရွေးချယ်ပြီးတော့လည်း ထူးခြားတဲ့ ဒီဇိုင်းလေးတွေ ဖန်တီးကြည့်လို့ရပါတယ်။ ဒါ့ကြောင့် Style ဆိုတဲ့နေရာကို Click ထောက်လိုက်ပါက အောက်ပါအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။


Style Box မှာ အသင့်ပြုလုပ်ပြီးသား ဆေးရောင်ချယ်မှု ပုံစံလေးတွေ တွေ့ရမှာဖြစ်ပြီး Pen Tool နဲ့ ရေးဆွဲတဲ့အခါ ကိုယ်ရွေးချယ်ထားတဲ့ ပုံစံအတိုင်းချယ်သပေးမှာပါ။ တစ်ကယ်လို့ Color နဲ့ရေးချယ်ချင်ရင်တော့ Style Box ရဲ့ဘယ်ဖက်အပေါ်ဆုံးထောင့်က (Non) ကိုရွေးချယ်ပေးထားရမှာပါ။
Pen Tool ကိုအသုံးပြုပြီး ပုံတစ်ပုံလောက်ကို ဖြတ်ထုတ်ကြည့်ရအောင်နော်....
(၁). Pen Tool နှင့် ပုံကို ဖျက်ထုတ်လိုပါက Tool Options Bar တွင် Path Tool ကိုရွေးချယ်ပါ။ ပြီးလျှင် ပုံပေါ်မှာ Pen Tool သုံးပြီး တစ်ချက်နှိပ်ပါ။
(၂). နောက်ထပ် ဒုတိယ အမှတ်ကိုပေးပါ။ Direction အကွေး အကောက်နေရာကို Mouse မလွှတ်ဘဲ လိုသလို ဆွဲခုံး/ဆွဲခွက် ပါ။
(၃). ရှည်ထွက်နေသော အစမှတ်လေးကို Alt Key လေးနဲ့ ဖိပြီး ပြန်သိမ်းပေးပါ။ ပုံတွေတိုင်းမှာ အ၀ိုင်းလေးနဲ့ ပြထားပေးတဲ့ အမှတ်တွေအတိုင်း လုပ်သွားကြည့်လိုက်နော်....( ရှင်းလေ ရှုပ်လေတော့ ဖြစ်တော့မှာပဲ )... :P



(၄). အစမှတ် သိမ်းပြီးသွားရင် နံပါတ် ၁၊ ၂၊ ၃ အတိုင်းပဲ ဆက်တိုက် ပုံလေးရဲ့ လမ်းကောက်ကြောင်းလေး  အတိုင်း လိုက်ကောက်သွားပါ။
(၅). အစမှတ်နှင့် အဆုံးမှတ် ဆုံအောင်ဆက်ပေးပါ။
(၆). အစမှတ်နှင့် အဆုံးမှတ် ဆုံသွားပါက Path လမ်းလေး ပေါ်လာမည်။
(၇). ပေါ်လာသော Path လမ်းလေးကို Selection လုပ်လိုလျှင် Keyboard မှ Ctrl+Enter (or) Path လမ်းလေးအတွင်း Right Click > Make Selection ကိုရွေးချယ်နှိပ်နိုင်ပါတယ်။ ပြီးရင် Feather တန်ဘိုးကို 2 pixel လောက်
သတ်မှတ်ပေးပြီး OK ကိုနှိပ်လိုက်ပါ။
အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ပုံလေးက Selection ပိုင်းဖြတ်ပြီးသား တွေ့ရမှာပါ။ ပုံလေးကို ရွှေ့ချင်တယ် ဆိုရင်တော့ Tool Box ထဲက Move Tool (V) လေးကို သုံးပေါ့.....



ပုံလေးရဲ့ နောက်ခံ Background ကို အရောင်ဖြည့်ချင်တယ်ဆိုရင်တော့ ခုပုံပါအတိုင်း Selection ဖြစ်နေတာလေးကို Invert Selection (Ctrl+Shift+I) လေးကို နှိပ်ပြီး Gradient မှာ အရောင်ရွေးချယ်ပြီး ဖြည့်လိုက်ပါ။ တစ်ရောင်တည်း ဖြည့်ချင်တယ်ဆိုရင်တော့ Foreground လေးကိုရွေးချယ်လိုက်ပေါ့...OK တယ်ဟုတ်.....
(၈). ဆောင်းကတော့ Foreground Color ကို Black လေးရွေးလိုက်ပါတယ်။ အရောင်ဖြည့်မယ်ဆိုရင် Alt+Del ခလုတ်လေးကို နှိပ်လိုက်ပါ။
(၉). Selection ဖျောက်ချင်လျှင် Ctrl+D ကိုနှိပ်လိုက်ပါ။ အောက်က ပုံလေးကို ကြည့်လိုက်နော်...
Pen Tool သုံးနေရင်း Undo ခေါ်ချင်လျှင် Ctrl+Z တစ်ခါနှိပ်ပြီး Ctrl+Alt+Z ဆက်တိုက်နှိပ်ပါ။




(၁၀). နောက်တစ်ခုက ခုပုံလေးကို ကိုယ်ကြိုက်နှစ်သက်တဲ့ နောက်ခံ Background Wallpaper ထဲမှာလည်း သွားထည့်နိုင်ပါတယ်... အဲ့အခါဆိုရင်တော့ ပုံလေးကို ရွှေ့မယ်ဆိုရင် Move Tool (V) လေးကို ရွေးချယ် သုံးနိုင်ပါတယ်။ ပုံမှာ ကြည့်လိုက်နော်...



FreeHand Pen Tool - က ခဲတံနဲ့ ရေးဆွဲသလိုမျိုး Paths တွေကို ရေးဆွဲနိုင်ပါတယ်။ FreeHand Pen Tool ကို အသုံးပြုမယ်ဆိုရင် Mouse ကိုကောင်းမွန်ဖို့နဲ့ လက်ငြိမ်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှလဲ ချောမွေ့တဲ့ Paths တွေကို ရေးဆွဲနိုင်မှာပါ။ Alt Key ကိုဖိထားပြီး Polygon Lasso Tool လိုမျိုးလည်း အသုံးပြုနိုင်ပါတယ်။ ရေးဆွဲပြီး Ctrl+Enter ကိုနှိပ်ရင် အစနေရာနဲ့ အဆုံးနေရာကို ဆက်သွယ်ထားတဲ့ Selection Area တစ်ခုရရှိမှာ ဖြစ်ပါတယ်။

Add Anchor Point Tool - ကတော့ ရေးဆွဲထားတဲ့ Paths တွေထဲမှာ Anchor Point တွေကို ထပ်မံပေါင်းထည့်နိုင်ပါတယ်။

Delete Anchor Point - ကတော့ Path တစ်ခုပေါ်မှာရှိတဲ့ Anchor Point တွေကို Click တစ်ချက်ထောက်ပြီး ဖျက်ထုတ်နိုင်ပါတယ်။ Undo (Ctrl+Z, Ctrl+Alt+Z) လည်း မကယ်နိုင်တော့တဲ့အခါမျိုးတွေမှာ သုံးပါတယ်။

Convert Point Tool - ကိုရွေးချယ်ပြီး Anchor Point တစ်ခုပေါ်မှာထောက်ပါ။ Mourse နဲ့ Drag ဆွဲပြီး Direction Line တွေရဲ့လားရာကို ပြောင်းလဲ ပေးနိုင်ပါတယ်။

Crop Tool အကြောင်း

ပုံတစ်ပုံကို ကိုယ်လိုချင်တဲ့ အတိုင်းအတာလေးတွေ အတိအကျ ဖြတ်တောက်ဖို့နဲ့ လိုအပ်တဲ့ အပိုင်းကိုသာ ရွေးချယ်ဖြတ်တောက်နိုင်ဖို့ကို Crop Tool လေးနဲ့ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Tool Box ထဲမှ Crop Tool (C) ကိုရွေးချယ်နှိပ်လိုက်ပါ။ Crop Tool ကို ရွေးလိုက်တာနဲ့ Crop Tool နဲ့သက်ဆိုင်တဲ့ Tool Option Bar လေးပေါ်လာမှာပါ။ အဲ့မှာ ကိုယ်လိုချင်တဲ့ Width, Height, Resolution တန်ဘိုးတို့ကို သတ်မှတ်ပေးပြီး Enter နှိပ်လိုက်ပါ။ ပြီးလျှင် ကိုယ်ဖြတ်ထုတ်ချင်တဲ့ ပုံပေါ် Mouse ကိုဖိပြီး ထောင့်ဖြတ် Selection လုပ်ပေးလိုက်ပါ။
အောက်က ပုံလေးကို ကြည့်လိုက်ပါနော်....



နောက်ထပ် အောက်ကပုံလေးမှာ ကိုယ်လိုချင်တဲ့အပိုင်းကို အချိုးနဲ့မသတ်မှတ်ဘဲ အလွတ်ဆွဲချင်တယ် ဆိုရင်တော့ Tool Options Bar မှာ Clear လေးကိုနှိပ်လိုက်ပါ...




Move Tool (V)


Move Tool ကတော့ ပုံ/ စာတွေကို လိုချင်တဲ့နေရာအရောက် ရွှေ့နိုင်ရန် Move Tool ကိုအသုံးပြုပါသည်။


သူငယ်ချင်းတို့ရေ.... Photoshop Selection လုပ်နည်းအပိုင်းလေးကတော့ ပြီးပြီနော်... သူငယ်ချင်းတို့တွေ ဖျက်ညှပ်ကပ်လေးတွေ လုပ်နိုင်လောက်
ပြီထင်ပါတယ်... အဆင်ပြေပါစေနော်....


1 comment: