WELCOME

18 November 2011

MC ကြိုး မဲ့ photoshop basic lesson 1 (လိုချင်သည့်အစိတ်အပိုင်းကိုရွေး၍ အလင်းအမှောင် ပြုပြင်ခြင်း)

ဒီအကြောင်းကတော့ မှောင်ချင်သည့်နေရာ ရွေးမှောင်၍ လင်းချင်သည့်နေရာ ရွေးလင်းခြင်း ဖြစ်ပါတယ်။

photoshop ဆော့ဝဲကိုဖွင့်လိုက်တာနဲ့ ဘယ်ဘက်ဒေါင့်က ဘားအရှည်လေးကို toolbox လို့ခေါ်ပါတယ်။
အဲဒီပုံလေးတွေရဲ့ အပေါ်ကို မြားနဲ့ထောက်ကြည့်လိုက်ရင် tool တခုချင်းရဲ့အခေါ်အဝေါ်ကို သိနိုင်ပါတယ်။
toolbox ပုံကိုသီးသန့်မိတ်ဆက်မပေးတော့ဘူးနော်....

Using a Hidden Tool (မြင်နေရသော tool ရဲ့နောက်ကွယ်မှ ကျန်ရှိသော tool များကို အသုံးပြုခြင်း)

tool ရဲ့ညာဘက်အောက်ခြေတွင် မြှားတုံးအမဲလေးပါရှိသည့် tool တိုင်းတွင် hidden tool များရှိနေမှာဖြစ်ပါတယ်

1) hidden tool တွေကို မြင်ရဖို့အတွက် လက်ရှိမြင်နေရတဲ့ Rectangular Marquee Tool(မြားပုံလေး move tool ရဲ့အောက်က ဒုတိယမြောက် လေးထောင့်ကွက်ပုံလေး) ပေါ်မှာ pointer ကိုဖိနှိပ်လိုက်ပါ။ ပေါ်လာတဲ့ tool တွေထဲက Ellipitical Marquee (အ၀ိုင်းပုံ) ကိုရွေးပါ။

 2) ရွေးမည့်ပုံပေါ်တွင် + သင်္ကေတလေးပေါ်လာပါက coin ထိပ်နားမှ ထောင့်ဖြတ်ဆွဲချပြီး select လုပ်လိုက်ပါ။ ဒီလိုလေးပေါ့

coin ရဲ့ size အတိုင်းအတိအကျ မဆွဲနိုင်ပါက mouse ကိုမလွှတ်သေးဘဲ space ကိုနှိပ်ပြီး နေရာပြန်ရွေ့လိုက်ပါ။ အစွန်းတဖက်နဲ့ကွက်တိဖြစ်သွားမှ space ကိုလွှတ်ပြီး ထောင့်ဖြတ်ဆက်ဆွဲပေးပါ။
3) coin ကိုတိကျစွာရွေးပြီးပါက Select menu ထဲမှ Inverse ကိုရွေးပါ။ kyeboard shortcut > Ctrl+Shift+I

အဲဒါကတော့ coin မပါဘဲ နောက်ခံကိုရွေးလိုက်တဲ့အနေအထားဖြစ်ပါတယ်။ ပထမ coin ကိုရွေးတယ်...
Inverse ပြောင်းပြန်လုပ်လိုက်တော့ coin မဟုတ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ background ကိုရွေးသွားတယ်...အဲလိုမျိုးလုပ်လိုက်တာပါ။

4) အလင်းအမှောင်ချိန်ရန်အတွက် Image menu >Adjustments>Curves ကိုရွေးလိုက်ပါ။ ပေါ်လာတဲ့ box ရဲ့ညာဘက်အပေါ်က အစက်လေးကို အောက်ကိုဖိဆွဲချလိုက်ပါ။ Output ဆိုတဲ့အကွက်မှာ 150 ဖြစ်တဲ့ထိဆိုရင် လုပ်ခိုင်းတဲ့ပုံအတိုင်း မှိန်ကျသွားတာကို တွေ့ရပါမယ်။

5) selection တွေပျောက်ချင်ရင် Select > Deselect ကိုရွေးပေးပါ။ shortcut > Ctrl+D
ဒါဆိုရင် ဒင်္ဂါးတခုထဲ ကွက်လင်းနေတဲ့ ပုံကို ပြုလုပ်ပြီးဖြစ်ပါတယ်။

နောက်တော့ ဖြည်းဖြည်းချင်း လုပ်နည်းတစ်မျိုးစီ ထပ်တင်ပေးသွားမှာဖြစ်ပါတယ်။ လိုက်လုပ်ကြည့်ပါ။ အခက်အခဲရှိက ကွန်မန့်ရေးခဲ့ပေးပါ။ အားလုံး ဓါတ်ပုံကလိခြင်းများ ကျွမ်းကျင်ပြီး အဆင်ပြေကြပါစေရှင်.........
(18-11-2011) MC ကြိုးမဲ့


No comments:

Post a Comment