WELCOME

15 November 2011

ဆောင်းနှင်းဖြူ Photoshop လေ့လာနိုင်ရန် Website များ


Websites

ဒီဇိုင်းတစ်ခုဖန်တီးဖို့အတွက် အတွေးအခေါ်ကောင်းတွေကိုလိုအပ်သလို ကောင်းမွန်တဲ့ နည်းလမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်။ လှပခန့်ထည်တဲ့ ဒီဇိုင်းတစ်ခုဆိုတာ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒီဇိုင်းနာတစ်ယောက်ရဲ့ ကြိုးစားမယ့်သူအသုံးပြုတဲ့ Software ပေါ်မှာ မူတည်ပြီးတော့မှ အကောင်းဆုံးတစ်ခုကို ဖန်တီးနိုင်တာပါ။
Photoshop နဲ့ ပတ်သက်တဲ့နည်းလမ်းတွေကို ဆရာ မပါဘဲ အွန်လိုင်းအသုံးပြုနေရင်းနဲ့
လေ့လာသင်ကြားလိုသူတွေအတွက် ပြည့်စုံမှန်ကန်တဲ့ လေ့ကျင့်ခန်းတွေပေးထးတဲ့ ၀က်ဘ်ဆိုက်လေး တွေကို လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။

Good-Tutorials
http://www.good-tutorials.com/

Photoshop နည်းပညာနဲ့ပတ်သက်ပြီး သင်တန်းသွားရောက်ဖို့ မအားလပ်တဲ့သူတွေအတွက် Internet အသုံးပြုရင်း Photoshop လေ့ကျင့်ခန်းတွေကိုပါ လေ့လာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအဆင့်ကစလိုပ ကျွမ်းကျင်အဆင့်ထိ တတ်မြောက်သွားနိုင်တဲ့ နည်းလမ်းတွေကို လမ်းညွှန်ပြသပေးထားပြီး Web Design ပြုလုပ်လိုသူတွေအတွက်ပါ အခြေခံ

လမ်းညွှန်ချက်တွေကိုတွေ့ရှိရမှာပါ။ ဒါ့အပြင် CSS, 3D Max, Illustrator, Flash
နည်းလမ်းတွေကိုပါ လေ့လာ သင်ကြားနိုင်မှာဖြစ်ပါတယ်။ ပြင်ပသင်တန်းတွေမှာ
သွားရောက်သင်ကြားရင် ကုန်ဆုံးမယ့်အချိန်တွေ အတွက် ကိုကိုယ်တိုင် သင်ကြားတဲ့ စနစ်ကို တွေ့ရှိခံစားရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကို တစ်ဆင့်ချင်းစီ အသေးစိပ် ရှင်းပြထားတဲ့အတွက်ကြောင့် လေ့လာရတာ လွယ်ကူမှာပါ။

Pixel2Life
http://www.pixel2life.com/

၂၀၀၃ ခုနှစ်ကတည်းက စတင်တည်ရှိခဲ့တဲ့ Website ကောင်းလေးတစ်ခုဖြစ်ပြီး လက်ရှိအချိန် အထိ လေ့လာစရာသင်ခန်းစာပေါင် ၄၀,၀၀၀ ကျော်နီးပါးကို တွေ့ရှိရမှာဖြစ်ပါတယ်။ Website ကို ၀င်ရောက်လိုက်တာနဲ့ သင်ကြားရမယ့် သင်ခန်းစာတွေကို အဆင့်ဆင့်ပိုင်းခြားပေးထားပြီး သင်ခန်းစာတစ်ခုချင်းစီတွင် အုပ်စုတစ်ခုချင်းစီး ခွဲခြားပေးထားပါတယ်။ တဖြည်းဖြည်းလေ့လာနိုင်တာ နဲ့အမျှ မိမိရဲ့ကျွမ်းကျင်မှုအဆင့်ကို လေ့လာစမ်းစစ်နိုင်တယ်။ သင်ခန်းစာတွေကို လေ့လာတဲ့နေရာမှာ အသေးစိပ် ရှင်းလင်းချက်တွေနဲ့အတူ ဆရာတစ်ယောက်သင်ကြားနေသလိုမျိုး ရရှိခံစားရမှာပါ။ မလွယ်ကူတဲ့ ပညာရပ်တစ်ခုကို အရိုးရှင်းဆုံး လေ့လာနိုင်စေဖို့အတွက်မဖြစ်မနေ ၀င်ရောက် လေ့လာ သင့်တဲ့ ဆိုက်လေးတစ်ခုပါပဲ။

Tutorial9
http://www.tutorial9.net/

အကောင်းဆုံး Tutorial ဆိုက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး Photoshop သင်ခန်းစာတွေ ကို သာမက Web နဲ့ပတ်သက်တဲ့ Forum တစ်ခုအနေနဲ့ လွှင့်တင်ပေးထားတာ ဖြစ်တဲ့အတွက်
လေ့ကျင့်နေရင်း ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဆွေးနွေးနိုင်မှာပါ။ သင်ခန်းစာတွေကို တစ်ဆင့်ချင်းစီ ပုံတွေနဲ့ ရှင်းပြပေးထားတဲ့အတွက် လေ့လာတဲ့နေရာမှာ အလွန်လွယ်ကူတာကို တွေ့ရမှာပါ။ တစ်နေ့တစ်ခေါက် ၀င်ရောက်လေ့လာကြည့်ရုံနဲ့ Photoshop ကို ကျွမ်းကျင်တဲ့အဆင့်ထိ ရရှိသွားပါလိမ့်မယ်။

Photoshop Tutorials
http://photoshoptutorials.ws/

ဒီဇိုင်းနည်းပညာနဲ့ ပတ်သက်တာတွေကို အတိကျဆုံး၊ အကောင်းဆုံး လမ်းညွှန်ပေးနေသော ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လေ့လာတဲ့အဆင့်နဲ့ မကျေနပ်နိုင်သေးတဲ့သူတွေအတွက် မိမိရဲ့ ဖန်တီးနိုင်စွမ်းကိုပါ အမြင့်မားဆုံးအရည်အသွေးရရှိအောင် လေ့လာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်း ပညာရပ်ဆိုတာ တော်တန်ရုံလေ့လာတာနဲ့ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ပညာရပ်တစ်ခု မဟုတ်တဲ့ အတွက် အသေးစိပ်လေ့လာနိုင်မယ့် နည်းလမ်းတွေကို ဆောင်းပါးတွေ၊ လေ့ကျင့်ခန်းတွေကတစ်ဆင့် ရယူနိုင်မှာ ဖြစ်ပါတယ်။ Photoshop သင်ခန်းစာတွေကို လေ့လာနေရင်းနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သင်ခန်းစာလေးတွေကိုပါ ၀င်ရောက်သင်ကြားနိုင်ဦးမှာပါ။

PSD Tuts
http://psd.tutsplus.com/category/tutorials/

ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါ။၊ နောက်ဆုံးပေါ် Photoshop သင်ခန်းစာတွေကို လေ့လာသင်ကြားနိုင်မယ့် နေရာလေးပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ၀င်ရောက်လေ့လာသူတွေ တဖြည်းဖြည်း များပြားလျက်ရှိပြီး သင်ခန်းစာတိုင်းဟာလည်း အလွန်ထိရောက်တဲ့အတွက်ကြောင့် ဒီဇိုင်းနဲ့ပတ်သက်လာရင် အတော်လေးပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းတစ်ခုဖန်တီးနိုင်မှုအတွက် စဉ်းစားပုံတွေ ဖန်တီးတဲ့အခါမှာ လိုအပ်တဲ့ လုပ်ဆောင်ချက်လေးတွေကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။ Photoshop လေ့ကျင့်ခန်းတွေကို ဖော်ပြပေးနေတဲ့ ၀က်ဘ်ဆိုက်ကောင်းပီသစွာ အခြေခံအဆင့်ကစလို့ တစ်ဆင့်ချင်းစီးကို အသေးစိပ်ရှင်းလင်းချက်တွေ၊ ဓါတ်ပုံတွေကိုပါ ဖော်ပြပေးထားပါတယ်။

Ref: Net Guide Journal မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment