WELCOME

15 November 2011

အပိုင်း(၄)

Lasso Tool အကြောင်း

Lasso Tool (Selection Tool) - Marquee Tool နဲ့ ရွေးချယ်ဖို့ ခက်ခဲတဲ့ ပုံတွေကိုတော့ Lasso Tool (L) နဲ့ရွေးချယ်နိုင်ပါတယ်။ Lasso Tool ကို Mouse ဖြင့် အစမှတ်မှ အဆုံးမှတ်ထိ နေရာပေးခြင်းဖြင့် လိုအပ်သော နေရာများကို ရွေးချယ်ပေးပါသည်။ Lasso Tool (၃) မျိုး ရှိပါတယ်။
(1). Lasso Tool
(2). Polygonal Lasso Tool
(3). Magnetic Lasso Tool
(1). Lasso Tool

Selection ပြုလုပ်ဖို့အတွက် Mouse ကိုဖိထားပြီး ကိုယ်ရွေးချယ်လိုသော အနားပတ်လည်အတိုင်း Mouse ကိုမလွှတ်ဘဲ ဆွဲသွားရမှာပါ။ အစမှတ်ကို ပြန်ရောက်ပြီဆိုရင် Mouse ကိုလွှတ်လိုက်ပါ။ လိုအပ်တဲ့ Selection တစ်ခုရရှိပါ။

 (2). Polygonal Lasso Tool

Selection ပြုလုပ်ချင်တဲ့ ပထမနေရာကို Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် ရွေးချယ်ချင်တဲ့ ဧရိယာရဲ့ တစ်နေရာမှာ ဒုတိယ Click တစ်ချက်နှိပ်ပြီး မှတ်ပါ။ အဲဒါဆိုရင် ပထမအမှတ်နဲ့ ဒုတိယအမှတ်ကို မျဉ်းဖြောင့်နဲ့ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ အဲဒီနည်းအတိုင်းပဲ ကျန်တဲ့နေရာလေးတွေကို Click လုပ်သွားပြီး ပထမအမှတ်နဲ့ ပြန်ဆုံသွားရင် လိုအပ်တဲ့ Selection Area ကိုရရှိမှာပါ။
တစ်ခုသတိထားရမှာက အမှတ်တစ်ခုနဲ့ တစ်ခုကို မျဉ်းဖြောင့်နဲ့ ဆက်သွယ်ပေးတာဖြစ်တဲ့အတွက် ကွေးညွှတ်တဲ့ ဧရိယာကိုရွေးချယ်မယ်ဆိုရင်တော့ အမှတ်တွေကို ခပ်စိပ်စိပ်လေး နေရာချပေးရမှာပါ။


 (3). Magnetic Lasso Tool
 

Magnetic Lasso Tool ကတော့ အရောင်တန်ဘိုးကွဲပြားတဲ့ နေရာတွေကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။
ရွေးချယ်လိုတဲ့ ဧရိယာရဲ့ အနားစွန်းမှာ Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် ရွေးချယ်လိုတဲ့ ဧရိယာတစ်လျှောက်ကို Pointer လေးအသာတင်ပြီး Mouse ကိုရွှေ့သွားရုံပါပဲ။
အစမှတ်ကို ပြန်ရောက်ရင် Click နှိပ်လိုက်ပါ။ လိုအပ်တဲ့ Selection တစ်ခုရရှိလိမ့်မည်။



Quick Selection Tool


Quick Selection Tool က ပုံတစ်ပုံရဲ့ အစိတ်အပိုင်းကို လျင်မြန်စွာ ရွေးချယ်နိုင်ပါသည်။ Quick Selection Tool ကိုယူပြီး ပုံတစ်ပုံပေါ်က ကိုယ်ရွေးချယ်လိုတဲ့ နေရာတစ်လျှောက်ကို Mouse လေးဖိဆွဲသွားရုံပါပဲ.....



Magic Wand Tool

Magic Wand Tool သည် အရောင်ဆင်တူသည့် နေရာများကို Mouse လေးဖြင့် ကလစ်တစ်ချက် နှိပ်ရုံဖြင့် အရောင်များ၏ ဆင်တူသည့်နေရာတစ်ခုလုံးကို အလိုအလျောက် ရွေးချယ်ပေးပါသည်။ ပြီးလျှင် Ctrl+Shift+I (Inverse Selection) နှိပ်ပါ။
Tool Box မှ Move Tool ကိုရွေးချယ်ပြီး ရွှေ့ပါ။ Ctrl+D ဖြင့် Selection ဖျောက်ပါ။



Shift + Mouse          - Magic Wand Tool ဖြင့် Selection ပေါင်းခြင်းကို အသုံးပြုသည်။
Alt + Mouse   - Magic Wand Tool ဖြင့် Selection နှုတ်ခြင်းကို အသုံးပြုသည်။
Magic Wand Tool ၏ Tool Options Bar မှ Tolerance တန်ဖိုးများအသုံးပြုပုံ
Tolerance ဆိုသည်မှာ သူ့တွင် ပမာဏတန်ဘိုး များများ ထည့်သွင်းအသုံးပြုလျှင် ပုံရိပ်အတွင်းရှိ အရောင်ရွေးချယ်နိုင်မှု ဧရိယာ ကျယ်ပြန့်မှာဖြစ်ပြီး တန်ဘိုးနည်းရင်တော့ ရွေးချယ်နိုင်တဲ့ ဧရိယာကျဉ်းနေမှာပါ။
အောက်က ပုံလေးကို ကြည့်လိုက်နော်.....



 .........သူငယ်ချင်းတို့ အားလုံး အမြဲ ကျန်းမာ ပျော်ရွှင်ပါစေနော်..........

........ဆောင်းနှင်းဖြူ...........

No comments:

Post a Comment