WELCOME

15 November 2011

ဆံပင်များအားဖြတ်ယူခြင်း .

          How  Can I Select To The Hair?....

 ဆံပင်တွေ ကို select လုပ်နည်း
Photoshop  ကို စ ကြည့်ကာစတုန်းက Tools တွေ အကြောင်းလေ့လာဖြစ်တယ်… ဆိုပါတော့ Selection Tool
ရယ်လို့...ဒီမှာ ကွိုင်တစ်ခု တက်နေတာက ဆံပင်တွေ ကို နောက်ခံနဲ့ ဖြတ်ယူတဲ့ အခါ
အကုန်ပါမလာဘူးလိုက်ပြင်ရင်းနဲ့တုံးတိတိ တေ ဖြစ်ကုန်တော့ ဘေးနားက အမှတ်တမဲ့ ကြည့်မိတဲ့သူက“ ဆံပင်လဲ
ညှပ်တတ်တယ်လား ”တဲ့…ဘယ်လိုပြန်ပြောရမှန်းမသိဘူး….ဒါနဲ့ ကျွန်တော့်ထက် Photoshop နဲ့ပတ်သက်ရင်
အတွေ့အကြုံ အများကြီးရှိတဲ့ ကိုဘုန်းကို မေးကြည့်မိတယ်… သူက လုပ်နည်းလေးတစ်ခု ပြောပြလို့
အဆင်ပြေသွားပါတယ်.. အခု သတိရလို့ ဒီနည်းလေး ပြန် share ပေးလိုက်ပါတယ်..အဟီး ခုထိလဲ Photoshop
ကို မကျွမ်းသေးပါ…

Step -1 Open

          အရင်ဆုံး ကိုယ် ဖြတ်ယူချင်တဲ့ပုံကို Photoshop မှာ ဖွင့်လိုက်ပါ..


Menu->Filter->Extract (or) Alt+Ctrl+X ကိုနှိပ်လိုက်ရင်  အောက်ပါပုံအတိုင်း Extract Box
ပေါ်လာပါမယ်..No.1 က Tool Box ဖြစ်ပြီး No.2 က Tool Option Box ဖြစ်ပါတယ်…
 

အနီရောင်ကွင်းပြထားတဲ့ Highlighter ဆိုတဲ့ Tool ကိုယူပါ….Tool size ကို တော့

Tool Option Box ထဲက Brush size မှာ ချိန်ပါ….Zoom in /Zoom out ကိုတော့ (Ctrl)+ (+) နဲ့ (Ctrl)+(-)
လေးတွေနှိပ်ပြီး ချုံနိုင်ချဲ့နိုင်ပါတယ်..ထို့နောက် Highlighter Tool ဖြင့် အောက်ပါ အတိုင်း
ဆံပင်အနားစပ်ကလေးတွေကို လိုက်ခြယ်ရပါမယ်.. brush size မကြီးမသေးဖြင့်

စိတ်ရှည်လက်ရှည် လိုက်လုပ်နိုင်ရင်ပိုကောင်းပါတယ်… Brush တင်လိုက်ပြီဆိုရင် အစိမ်းရောင် Highlight

တွေနဲ့ပေါ်လာပါလိမ့်မယ်..တခု သတိထားရမှာကတော့ Documents ရဲ့ အဆုံးမှတ်တွေထိ ဆွဲပေးရပါမယ်..

ဒါမှသာ ကိုယ်လိုချင်တဲ့ အပိုင်းနဲ့ မလိုချင်တဲ့ အပိုင်း ကွဲပြားစေနိုင်မှာဖြစ်ပါတယ်…သိသာအောင်

အနီရောင်လေးထောင့်ကွင်းနှစ်ခု ပြပေးထားပါတယ်.. အောက်ကပုံကိုကြည့်ပါ..



          OK မပေးပါနဲ့ဦး…..နောက်တဆင့်ကတော့ Tool Box ထဲက Fill Tool ကိုယူပြီး ကိုယ်ယူမဲ့အပိုင်းဘက်မှာ

ကလစ်တချက် သတ်မှတ်ပေးပါ…ဒါဆိုရင်တော့ အပြာရောင် Highlight နဲ့ အုပ်ပြပေးပါလိမ့်မယ်…အောက်ကပုံ

ကိုကြည့်ပါ….
စိတ်တိုင်းကျပြီဆိုပါက Extract Box ရဲ့ Ok ကိုနှိပ်နိုင်ပါပြီ..ဒါဆိုရင် ရ ရှိလာမဲ့ Result Image ကတော့

အောက်ပါအတိုင်း Background Transparent နဲ့ဖြစ်ပါတယ်..


အခြား Selection များကို ဆက်လက်သုံးစွဲပြီး ကျန်တဲ့အပိုင်းတွေကို ဖြတ်ယူလို့ရပါပြီ…

No comments:

Post a Comment